ရေးသူ - စစ်ငြိမ်းဒီရေ
ကျနော်တို့အိမ် မျက်စောင်းထိုး၊ ကားလမ်းတဖက်ကမ်းမှာ လဘက်
ရည်ဆိုင် တစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်က ရပ်ကွပ်ရယ့် အစည်းကားဆုံး
လဘက်ရည်ဆိုင်ပါ။ မနက်မိုးလင်းတာနဲ့ ရပ်ကွပ်ထဲက ကိုပွကြီးတို့လို
လူငယ်တွေ။ ဈေးသွား၊ ဈေးပြန်တွေ၊ ရပ်ကွပ်ထဲက အလုပ်သမားမျိုးစုံနဲ့
စည်းကားပါတယ်။ မနက် ၇ နာရီ ပတ်ဝန်းကျင်လောက် ဆိုရင် ရပ်ကွပ်
ကို ပြုပြင် ပြောင်းလဲရမယ်လို့ ကြွေးကြော်တဲ့ လူကြီး ၃ ယောက်လည်း
ရောက်လာပါတယ်။ အဲဒီ လူကြီး ၃ ယောက်က တစ်ဝိုင်းတည်း အတူ
မထိုင်ပါဘူး။ သူတို့ ပြောမဲ့ စကားကို ဦးစားပေး လက်ခံ နားထောင်တဲ့
စာပွဲဝိုင်းတွေကို ရွေးချယ်ပြီး ထိုင်လေ့ ရှိပါတယ်။
တစ်ယောက်က အင်္ဂလိပ်ခေတ်မှာ လွတ်လပ်ရေးအတွက် သူဘယ်လို
ပါဝင်ခဲ့ကြောင်း၊ နောက်တစ်ယောက်က ဂျပန်ခေတ်မှာ ဂျပန်တွေကို
သုတ်သင်ရှင်းလင်းရာမှာ သူဘယ်လို ပက်သက်ခဲ့ကြောင်း၊ နောက်တစ်
ယောက်ကလည်း လက်ရှိ နာမည်ကြီးပြီး ဒိတ်ဒိတ်ကြဲ ဖြစ်နေတဲ့ သူတွေ
သည် လွတ်လပ်ရေး ရခါစက သူနဲ့အတူ တာဝန်ထမ်း ဆောင်သူများ
ဖြစ်ကြောင်း တစ်ယောက်နဲ့ တစ်ယောက် ဂုဏ်စ’ပြိုင်လိုက်ကြတာ
ကျနော်တို့ ရပ်ကွပ်ဈေးလေး ဈေးကွဲပြီး လူနည်းသွားတဲ့ မနက် ၁၀ နာရီ
အထိပါ။ အဲဒီအချိန်လောက်ကြတော့ သူတို့ ၃ ယောက် ပြောတဲ့ စကား
တွေကို ထိုင်နားထောင်တဲ့ လူတွေ တစ်ယောက်ပြီး တစ်ယောက် ထ’
ပြန်သွားကြလို့ နောက်ပိတ်ဆုံး သူတို့ ၃ ယောက်ဘဲ ငုတ်တုတ်
ကျန်ရစ် ခဲ့ပါတယ်။
အဲဒီလူကြီး ၃ ယောက်က သူတို့ ပြောတဲ့ စကားကို နားထောင်မဲ့သူ
ကုန်လောက်ပြီး ဆိုတဲ့ အချိန်ရောက်တော့ လဘက်ရည်ဆိုင်မှာ
လဘက်ရည် တစ်ခွက်ကို တစ်ယောက် တစ်ဝက်ဆီ ခွဲသောက်၊
ဈေးအပေါဆုံး ၀မ်းဘဲ ဆေးပေါ့လိပ် (အဲဒီခေတ်က ၀မ်းဘဲ ဆေးပေါ့
လိပ် ဆိုတာ ရှိခဲ့ပါတယ်။ ပဲခူးက ထုတ်လုပ်တာပါ။)ကို ဖွာရှိုက်နေတဲ့
ဆယ်တန်းအောင်ခါစ ကိုပွကြီးတို့ စာပွဲဝိုင်းကို နေရာရွေ့ လာပါတယ်။
သူတို့ရယ့် အယူအဆ မျိုးစုံကို ရပ်ကွပ်ထဲမှာ ပညာတတ် လူငယ်တွေ
လို့ သတ်မှတ်ခြင်း ခံရတဲ့ လက်ချိုးပြီး ရေတွက်ရင် လက်ငါးချောင်း
မပြည့်တဲ့ ကိုပွကြီးတို့ သူငယ်ချင်း တသိုက်ကို တရားစ’ဟော ပါတယ်။
အဲဒီ လူကြီး ၃ ယောက်ထဲက ဦးထွန်းရီသည် စစ်တုရင်ကစားသမား တစ်
ဦးပါ။ သူ လက်ဖက်ရည်ဆိုင် ထိုင်ရင် အရုပ်ဗူးလေး ပါလေ့ ရှိပါတယ်။
ကျနော်ကို စစ်တုရင် ပညာ စ’သင်ပေးခဲ့တာ သူပါဘဲ။
ပထမပိုင်းတော့ သူတို့ သုံးယောက် တော်တော်ကို တစ်ယောက်နဲ့
တစ်ယောက် အစေး မကပ်ကြပါဘူး။ ရပ်ကွပ်ထဲက ကောင်စီလူကြီး
ဆိုရင် သူတို့ သုံးယောက်ကို ရောင်စုံသူပုန်တွေလို့ ခေါ်ပါတယ်။
သို့ပေမဲ့ ရပ်ကွပ် တိုးတက်ရေးကို ဒီလူကြီး ၃ ယောက်ဘဲ ဒိုင်ခံပြော
တာ များပါတယ်။ တချို့ လူကြီးတွေ ဆိုရင် ရပ်ကွပ်ထဲမှာ အရေးပါ
အရာ ရောက်ချင်လို့ ည နည်နည်းမှောင်လာရင် နွေရာသီဘဲ ဖြစ်ဖြစ်၊
ဆောင်းရာသီဘဲ ဖြစ်ဖြစ် တိုက်ပုံအင်္ကျီကို ၀တ်၊ မာဖလာကို ပတ်၊
တိုက်ပုံအကျ င်္ီ ရှေ့အိတ်ကပ်ထဲမှာ စိတ်ပုတီးကို ထည့်၊ ဘုရားသမား
လိုလို တရာသမားလိုလို၊ ရွှေကိုင်းမျက်မှန် တလဲ့လဲ့၊အသက်ကြီးမှ
ရှေ့သွားကျိုးလို့ တပ်ထားတဲ့ ရွှေသွား တ၀င်းဝင်းဖြင့် ကောင်စီရုံး
ကို သူတို့နဲ့ ဘာမှမဆိုင်ဘဲ ကောင်စီအဖွဲ့ဝင်လိုလို ဘာလိုလိုနဲ့ လူတွေ
အမြင်မှာ အထင်ခံချင်လို့ သွားလေ့ ရှိပါတယ်။ အဲဒီလို လူကြီးမျိုးတွေ
ကို ကျနော်တို့ အရပ် ဘန်းစကားနဲ့ “ရှောခွေ”လို့ ခေါ်ပါတယ်။ လူအထင်
ကြီးစေဖို့ ဘယ်နေရာမှာ ဘယ်လို မူယာတွေ၊ မာယာတွေ လုပ်ရမယ်
ဆိုတာ သိတဲ့လူတွေလို့ အဓိပ္ပါယ် ရပါတယ်။
တချို့ လူကြီးတွေ ကြပြန်တော့လည်း သူတို့ပုံစံက အဲဒီခေတ် နိုင်ငံ
တော် သမ္မတ ဦးစန်းယုလို မခုတ်တတ်တဲ့ ကြောင် ပုံစံမျိုးပါ။ ဘယ်
သူ ဘာပြောပြော ခပ်ပြုံးပြုံးနဲ့ ခေါင်းဘဲ အမြဲငြိမ့် နေတတ်ပါတယ်။
ဘယ်အုပ်စုက အသာ’ စီးရနေလည်း ဆိုတာကို ကြည့်ပြီး သာတဲ့ဖက်
ကို ကူးဖို့ အမြဲအဆင်သင့် ပြင်ထားတဲ့ “သာကူစေ့” ကြီးတွေပါ။
ကိုပွကြီးက ဆယ်တန်းအောင်ပြီး အလုပ်မရှိမလို့ အဲဒီ သာကူစေ့
လူကြီးတွေရယ့် အိမ်မှာ ခိုင်းသမျှ အလုပ် အကုန်လုံး လုပ်ပေးရပါ
တယ်။ ပြောင်းလဲဖို့ အခက်ခဲဆုံးက ရပ်ကွပ်ထဲမှာ မကောင်းမှုနဲ့
စီးပွားရှာတဲ့ လူတွေပါ။
ပြည့်တန်ဆာ လုပ်ငန်း၊ မူးယစ်ဆေးဝါး လက်လီ ရောင်းမှု၊ အရက်ပုန်း
ဆိုင်၊ ဖဲဝိုင်း၊ ရေနံဆီမှောင်ခို (အဲဒီခေတ်က မီးပျက်ရင် ရေနံဆီကို
အသုံးပြုပါတယ်။)၊ ခါးပိုက်နိုက်၊ ခိုးရာပါ ပစ္စည်း ပုံစံပြောင်းပေးသူ
စတဲ့ မကောင်းမှု လုပ်ငန်း လုပ်သူတွေသည် သူတို့ လုပ်နေကျ အလုပ်
တွေကို စွန့်လွှတ်ပြီး ဟိုလူကြီး သုံးယောက် (တကယ့်လူ၊ အလံနီဦးရဲမြင့်၊
ဦးထွန်းရီ) ပြောသလို သမ္မာအာဇီဝ အလုပ်တွေလုပ်ဖို့ လုံးဝ ငြင်းဆို ပါ
တယ်။ ပိုက်ဆံ ၀င်ငွေ မတူညီမှုကို ထောက်ပြလေ့ ရှိပါတယ်။ ဒါကြောင့်
ရပ်ကွပ်ထဲမှာ ဒီလူကြီးသုံးယောက်နဲ့ ဆယ်တန်းကို မနေ့တနေ့ကမှ
အောင်လာတဲ့ ကိုပွကြီးတို့ လူပျိုပေါက်အရွယ်တွေ၊ ပြုပြင်ပြောင်းလဲရေး
သမားတွေက တဖက်၊ ကောင်စီ လူကြီးနဲ့ ဖြစ်သမျှအကြောင်း အကောင်း
လို့ ယူဆတဲ့ ကံကြမ္မာဝါဒီတွေက တဖက် ဖြစ်နေပါတယ်။
ဒီလို တစ်နေကြတော့ ကျနော်တို့ ဒေသက မျက်နှာမွဲ အ.ထ.က ကျောင်း
လေးမှာ ပညာသင်နေတဲ့ ကျောင်းသူလေး တစ်ယောက် ကျောင်းကို
မတက်တာ တစ်လကျော်ခဲ့ပါတယ်။ ဖြစ်ပုံက အတန်းထဲမှာ စာမေးတာ
ကျောင်းသူလေးက စာမရလို့ ဆရာမဖြစ်သူက နာရီဝက်လောက် မတ်
တပ် ရပ်ခိုင်းပါတယ်။ အဲဒီနေ့ ကျောင်းဆင်းချိန်က စပြီး အဲဒီကျောင်းသူ
လေး ရှက်ပြီး ကျောင်းကို လုံးဝ မလာတော့ပါဘူး။ ဒါနဲ့ ဆရာမက အိမ်
အထိ လိုက်လာပြီး မေးတော့ မိဘဖြစ်သူများက “သူ စာသင်ချင်စိတ်
မရှိတော့ဘူး လို့ပြောတယ် … ဆရာမ … ထားလိုက်ပါ” တဲ့။ အဲဒီသတင်း
ရပ်ကွပ်တိုးတက်ရေး ကြွေးကြော်နေတဲ့ ဟိုလူကြီး သုံးယောက် နားထဲ
ရောက်သွားပါတယ်။ သူတို့ထဲက တစ်ယောက်က စိတ်မြန် လက်မြန်
အဲဒီ ကျောင်းသူလေး အိမ်ကို သွားပါတယ်။
ကျောင်းသူလေးရယ့် မိသားစုက အရမ်းဆင်းရဲ ပါတယ်။ မိဘတွေက
လည်း အတန်းပညာ လုံးဝမရှိသလောက်ပါဘဲ။ သူတို့ မိသားစုက
ကောင်စီနဲ့ နားလည်မှုယူ၊ ရဲကို လိုင်းကြေးပေးထားတဲ့ အရက်ပုန်း
ဆိုင်ရယ့် နံဘေးမှာ အမြည်းဟင်းရောင်း ရပါတယ်။ ရပ်ကွပ်တိုးတက်
ရေးကို လိုလားတဲ့ လူကြီးက ကလေးကို ကျောင်းပြန်တက်ခိုင်းဖို့ မိဘ
တွေကို ပြောပါတယ်။ မိဘတွေက ကျောင်းထုတ်လိုက်ပြီးလို့ ပြန်ပြော
ပါတယ်။ ဒါနဲ့ လူကြီးက ဒေါသထွက်ပြီး “ခင်ဗျားတို့ ကိုယ့်သာသမီး
အညွန့်ကို ကိုယ်ကိုတိုင် ရိုက်ချိုးတဲ့ အသုံးမကျတဲ့ လူတွေဘဲ” လို့
ပြောလိုက် ပါတယ်။ အဲလိုလည်း ပြောလိုက်ရော အဖေဖြစ်သူရော၊
နံဘေးက အရက်ဆိုင်က လူတွေရော စေတနာနဲ့ လာပြောတဲ့ လူကြီး
ကို ၀ိုင်းပြီး ထိုးကြိတ် ကြပါတယ်။
ပြဿနာ စ’ဖြစ်တဲ့ အချိန်က ညနေစောင်းပါ။ ကိုပွကြီးတို့ သူငယ်ချင်း
တသိုက်နဲ့ ရပ်ကွပ်ကို တိုးတက်စေချင်တဲ့ လူတွေလည်း ဒေါသတွေ
ထွက်ပြီး တုတ်ဆွဲ၊ ဓါးဆွဲနဲ့ တရပ်ကွပ်လုံး ရောမရုပ်ရှင်ကားထဲကလို
အကြီးအကျယ် တိုက်ပွဲကြီး စ’ ပါတော့တယ်။ ရပ်ကွပ်ထဲမှာ သြဇာရှိတဲ့
ဆရာတော် ကြွလာတာ နောက်ကျရင် အနည်းဆုံး လေး၊ ငါးလောင်းပါ။
ဆရာတော် ကြွလာမှု မြန်ပေလို့။ ကျောင်းမတက်တဲ့ ကျောင်းသူလေး
နေအိမ်ရယ်၊ အရက်ပုန်းဆိုင်ရယ် အိမ်လုံးကျွတ် ပြိုကျနေပါပြီး။လူ ဆယ်
ယောက်ကျော် ဆေးခန်း ရောက်သွားပါတယ်။
နောက်တစ်နေ့မနက် ကျနော်တို့ ကလေးတသိုက် ရန်ဖြစ်လို့ ပြိုကျသွား
တဲ့ ကျောင်းသူလေး အိမ်နေရာဖက်ကို သွားကြည့်ခဲ့ပါတယ်။ အဲဒီရောက်
တော့ ခေါင်းမှာ ပတ်တီးအဖွေးသာနဲ့ အိမ်ပြန်ဆောက် ပေးနေတဲ့ ကိုပွကြီး
တို့ သူငယ်ချင်းတသိုက်ကို တွေ့ ရပါတယ်။ ကျနော်တို့ ကလေးငယ်တွေ
က ကိုပွကြီးကို လှမ်းပြီး စ’နောက် လိုက်ပါသေးတယ်။
…. …. တစ်၊ နှစ်၊ သုံး … ….
“ကိုယ်ဖျက်တဲ့အိမ် ကိုယ်ပြန်ဆောက်တာ .. ဘယ်သူလဲ၊ ဘယ်သူလဲ”
“ကိုပွကြီး၊ ကိုပွကြီး ”
(… အလျဉ်းသင့်သလို ဆက်လက် ဖော်ပြမည်။)
(မှတ်ချက်။ ။ ယခင်က ပြန်လည် ဖြုတ်ချခဲ့သော “ရွေးချယ်ခြင်းနှင့်
ရုန်းကန်ခြင်း” ပို့စ်မှ စာသားများကို ပြန်လည် ပြင်ဆင် ဖော်ပြပါသည်။)
3 comments:
စိတ်ဝင်စားဖို့အလွန်ကောင်းပါတယ်ကိုအောင်ရေ..
ဆက်ရန်မျှော်နေတယ်ဗျို့..
ခင်မင်လျက်
ဟားဟား.. ကောင်းတယ်ဗျို့.. ဇာတ်မြူးပဲဗျ..။ ကိုအောင်စာရေးကောင်းတာကို လက်ခံလိုက်ပြီဗျာ..။
ကိုအောင်ရေ၊ စိတ်ဝင်တစား ဖတ်ရှုလျက်ပါဗျာ။ တလောကပဲ သခင်တင်မြ “ဘုံဘဝမှာဖြင့်“ ကို ဖတ်ပြီးသွားတော့ ကိုအောင့်ရဲ့ ”တကယ့်လူ“ ပို့စ်ကို တိုက်ဆိုင်ဖတ်ရှုသွားပါတယ်။ နောက်အဆင်ပြေရင်တော့ တကယ့်လူရဲ့အမည်နာမ လေးလဲ သိလိုပါတယ်။ ကျေးဇူးပါခင်ဗျာ။
Post a Comment