Dec 28, 2008

ဌက်ငယ်လေးရယ်


zzmaei.jpg
(ဓါတ်ပုံထဲမှ အမျိုးသမီးငယ်မှာ မကေသီအောင် ဖြစ်ပါတယ်။)

ဌက်ငယ်လေးရယ်
ရင်ခွင်လှောင်ချိုင့်ကို ရိုက်ချိုးလို့ အပြောကျယ်တဲ့
ဝေဟင်ကို ပျံရလေပြီပေါ့နော် ….
လောကရဲ့ ကောက်ကျစ်တဲ့ သင်ခန်းတွေကို

သင်ယူပြီးရင် ခရောင်းတောဆိုတဲ့
ဝေဟင်ကို အတင်းပျံသန်းလို့
မူလရင်ခွင် လှောင်ချိုင့်ကို ခိုဝင်လှည့်ပါ …. ။

မင်းဟာ တော်လှန်ရေးမှာရော
ငါ့အပေါ်မှာပါ တာဝန်ကျေလှပါတယ် …။
ဌက်ငယ်လေးရယ် ………

ထွန်းထွန်း (၁၄၊ ၉၊၀၈)

(ကဗျာရေးသူ ကိုထွန်းထွန်းသည် (12/12/08) RFA သတင်းပါ
သူ့ကို ဖမ်းမမိသဖြင့် လုံးဝအပြစ်မရှိသော ကိုယ်ဝန်(၃-လ) ရှိသည့်
ဇနီးသည် အဖမ်းခံရပြီး ထောင်ဒဏ် (၂၆)နှစ် မန္တလေးထောင်တွင်
ချမှတ်ခံထား ရပါသည်။ ယခု ကဗျာမှာ ဇနီးဖြစ်သူ မကေသီအောင်
အတွက် ခင်ပွန်းဖြစ်သူ ကိုထွန်းထွန်း ရေးဖွဲ့ထားသော ကဗျာ ဖြစ်ပါသည်။)

1 comment:

ကမာနီလာ said...

အင်း.... ဘ၀တွေလည်း မလွယ်လှပါလား၊ ပေးဆပ်နေရဆဲ၊ ပေးဆပ်နေရမြဲ ... တရားမူတွေထက် မတရားမူတွေကကြီးစိုးနေတော့ ... ကိုထွန်းထွန်းနှင့်ဇနီးမကေသီအတွက် စိတ်မကောင်းဖြစ်မိတယ်၊