Dec 27, 2008

သူ


“ဘီဘီစီ … ဘီဘီစီကို နားဆင်ပါ
သတင်းတွေ လေလှိုင်းကြားထဲမှာ”
ကျွန်တော်တို့၏ နရသိန် ပရ၀ှဏ်ထဲက လူတိုင်းပါးစပ်ဖျားမှာ
ရေပန်းစားခဲ့သော သီချင်းလေး တစ်ပိုင်းတစ်စ။

၁၉၉၅-ခု အန်တီစုလွတ်လာချိန်မှာ သူတို့အုပ်စုကသီချင်းလေးတစ်ခွေ
ဖန်တီးပြီး အမှတ်တရလက်ဆောင်ပေးခဲ့ကြသည်။
ဒီအတွက် အာဏာရှင်စစ်အုပ်စုမှ ချီးမြှင့်သော ဆုလာဒ်က
7 years in Prison” ။ ။

တကယ်တော့ သူသည် အနာဂတ်အတွက် အိမ်မက်လှလှလေးများ မက်ခွင့်ရှိသူ
တစ်ဦး။
ko win maw 4.jpg
၉ ပေပတ်လည် အခန်းကျဉ်းလေးထဲက သောကဗျာပါဒများ ကြားမှာပင် သူ၏

ဦးနှောက်မှ လှပသော သံစဉ်လေးများ စိမ့်ယိုလျက်ရှိသည်။
အသားညိုညို၊ အရပ်အမောင်းကောင်းကောင်း။
ယဉ်ကျေးသိမ်မွေ့ပြီး ခင်မင်နှစ်လိုဖွယ်ရာ ဆက်ဆံရေး တစ်ရပ်ကို
သူနှင့် ထိတွေ့မိသူတိုင်းနှင့် တည်ဆောက်နိုင်သူ။
လူပျိုပေါက် အရွယ်မှာပင် ဂစ်တာမှော် အောင်ခဲ့သူ။
မြန်မာပြည်၏ ထိပ်တန်းတီးဝိုင်းကြီး ဖြစ်သော
The Aces တွင်
ဦးဆောင်ဂစ်တာကို တီးခတ်ခွင့်ရခဲ့သူ။
န.အ.ဖ စစ်အုပ်စုကပင် သူ ဂစ်တာမှူးအဖြစ် ဦးဆောင်တည်ထောင်ခဲ့သည့်
“ရွှေသံစဉ်” တေးဂီတ၀ိုင်းကို မြန်မာ့ရုပ်မြင်သံကြားအစီအစဉ်များတွင် နေ့စဉ်လိုလို
အသုံးပြုခံခဲ့ရသူ။
တက်ကြွမှု၊ ယုံကြည်မှု၊ လွတ်လပ်မှု၊ အိပ်မက်ချိုချိုလေးများကို
သူ၏ Honda Prelude တံခါးနှစ်ပေါက်ကားလေးပေါ်တွင်
သယ်ဆောင်မောင်းနှင်းနေရင်းမှ ……..
ပြည်သူလူထု၏ ဆင်းရဲငတ်မွတ်မှု နေ့စဉ်ဘ၀ ဒုက္ခဝေဒနာများကို
လှစ်လျူမရူနိုင်တော့သည့် မေတ္တာတရားကြောင့်
“မြန်မာပြည် ဒီမိုကရေစီရရှိရေး ဘက်တော်သားများ”၏ စုရပ်ထဲမှာ
သူ့ကားလေးကို စက်သတ်လိုက်ပါတော့သည်။

7 years in Prison
စစ်အုပ်စု၏လုပ်ရပ်က သူ့ကိုစိုးစဉ်းမျှ တုန်လှုပ်ခြောက်ချားစေနိုင်ခြင်းမရှိခဲ့။
ချယ်ရီအတွက် “
ရနံမဲ့ ခရီးရှည်
အန်တီ့အတွက် “
အကယ်၍
န.အ.ဖ အတွက် “
Evil go away
ပြည်သူလူထုအတွက် …….. သီချင်းလေးများစွာ
အိပ်မက်သစ်တွေအတွက် ….. သီချင်းလေးများစွာ
ရွှေဝါရောင်တော်လှန်ရေးကြီးကို ဂုဏ်ပြုသီဖွဲ့ထားသည့်
ပြည်သူ့ ဆန္ဒပြည့်ဝပါစေ
“ကျွန်တော်အဖမ်းခံခဲ့ရရင်တောင်မှ
စက်တင်ဘာနှစ်ပတ်လည် တစ်ညမှာ
ဒီသီချင်းလေး ပြည်သူတွေကြားခွင့်ရရင်
ကျေနပ်ပါပြီ”။ ။
အဖေအိုကြီးနဲ့ အပျိုပေါက်၊ လူပျိုပေါက် ရင်သွေးလေးယောက်
နှလုံးသည်းပွတ် “သဇင်”
kowinmaw.jpg
သူတို့တွေရဲ့ အနာဂတ်ထက်
အမိမြန်မာပြည်ကြီး၏အနာဂတ်အတွက် သောကတွေပြည့်နေခဲ့တဲ့သူ။

“အလှူတွေကတော့ ချိမ့်ချိမ့်သည်းပဲ … …. … ရေ”
“ဒီတစ်ခါတော့ တွေ့ဆုံဆွေးနွေးရေးဖြစ်တော့မယ် ထင်တယ်”
နေ့မအား ညမနား
ဒီရေလှိုင်းတွေကြားမှာ လိုက်ပါစီးမျောရင်း
ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ ကမ္ဘာကြီးအတွက်
ဒီမိုကရေစီလိုလားပါတယ်ဆိုတဲ့ အဝေးရောက် ရဲဘော်တွေအတွက်
မြန်မာပြည်သူလူထုရဲ့ ဆန္ဒနဲ့သဘောထားအစစ်အမှန်တွေ
စစ်အုပ်စုရဲ့ ယုတ်မာရက်စက်တဲ့ သရုပ်မှန်တွေ
စတုတ္ထမဏ္ဍိုင်ကို အားပြုပြီး
အကောင်းဆုံးနဲ့နောက်ဆုံးအခြေအနေတွေကို
စဉ်ဆက်မပြတ်အောင် ခိုင်မာတဲ့ အထောက်အထားတွေနဲ့
တင်ဆက်ပြသပေးခဲ့တဲ့ အဓိကလူ
သူ …. …. ….
သူ့အတွက် ဆုလာဒ်က
7 years in Prison” နောက်တစ်ခေါက်နဲ့
တောင်ငူကိုပြန်ရောက်ခဲ့ရတာပေါ့။

ယုံကြည်ပါသည်။
သူ့သီချင်းလေးတွေ အမြဲရှင်သန်နေပါမည်။
1-1.jpg
သူ့စိတ်ဓါတ်တွေ မဖေါက်မပြန်၊ မတိမ်းမစောင်းပဲ
ရှိမြဲရှိနေပါဦးမည်။
သံတိုင်တွေကို ကိုင်ကာငေးရင်း
လှပအေးချမ်းသော
လူအချင်းချင်းနိုပ်စက်ချင်းကင်းဝေးသော
ငတ်မွတ်ကြောင့်ကြခြင်းကင်းသော
ပြုံးရွှင်ချိုမြ၊ အလိုကျသော မျက်နှာများဖြင့်
သွားလာလှုပ်ရှား စည်ကားလျက်ရှိသော
အနာဂတ်ဒီမိုကရေစီ မြန်မာနိုင်ငံတော်သစ်ကြီးကို မြင်ယောင်လျက်
အပြုံးလျှလျှ နုတ်ခမ်းတွေကြားက
သံစဉ်လှလှ၊ “အလင်္ကာ” ချိုမြမြလေးတွေ
ထာဝရ စီးကျလျက်ရှိနေပါဦးမည်။
pic4(2).jpg

ကျွန်တော်တို့ဘက်ကလည်း
ဒီမိုကရေစီလိုလားလှပါတယ်ဆိုတဲ့ ကျွန်တော်တို့ဘက်ကလည်း
သူ့ဘက်လို့ သူယုံကြည်ထားတဲ့ ကျွန်တော်တို့ဘက်ကလည်း
သူ့အတွက်ထိုက်တန်တဲ့ ဆုလာဒ်တစ်ခုကို
ဝိုင်းဝန်းဖန်တီးပေးကြလိမ့်မည်ဟု
ယုံကြည်ပါသည်။


အာကာသြရ
(၁၉၆၅- … … … …)


3 comments:

ဆောင်းယွန်းလ said...

သူနှင့်တကွအခြားသောနိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပြီးစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီး
ကိုတည်ထောင်နိုင်ဖို့အတွက်ကျနော်တို့အားလုံးမှာတာ
ဝန်ရှိပါတယ်.ကိုအောင်ရေ..
ပို့စ်အတွက်ကျေးဇူးပါ...
ခင်မင်လျက်...

laminkhin said...

ကိုအောင်ရေ ညကပဲ ကိုဝင်းမော်ညီကိုဝင်းဇော် က ကရင်နှစ်သိသစ်ကူး ညမှာဂစ်တာတီးနေတာ ကျမကိုဝင်းမော်ကိုသတိရသွားလို့ ပို့ (စ်) လေးထဲမှာတင်ရေးဖြစ်သေးတယ် -- ကောင်းတယ်ကိုအောင်ရေ တင်ပြထားပုံလေး သူတို့တတွေကို ကျမတို့ အမြဲ လေးစားအားကိုးနေဆဲပါ။
လမင်းခင်

ခေါင်ခေါင် said...

ရင်နာတယ်...

ဒီမိုကရေစီသူရဲကောင်း တွေအားလုံး..
စိတ်ရောကိုယ်ပါ ငြိမ်းချမ်းလွတ်မြောက်နိုင်ကြပါစေ..

(ကိုယ်ဖြစ်စေချင်တာကို ဆုတောင်းတာပါ.. )