Dec 21, 2008

ဖဲဝိုင်း


ရေးသူ- စစ်ငြိမ်းဒီရေ

“မိတ်ဆွေကြီး၊ ခင်ဗျား နေရာမှားလာ သလား … ဒါ … ဖဲဝိုင်း ပါ…
… တစ်လေးလုံး ရတော့ … ရှစ်လေးလုံးတုန်းက … ပဒုံမာကွင်းထဲ
ဦးအောင်ကြီး စင်ပေါ်ရောက်သလို … စပ်ဖြီးဖြီးနဲ့” …။

“မိတ်ဆွေကြီး၊ သိပ်ပျော်နေလား … ခင်ဗျားရယ့် တစ်လေးလုံးကို …
ကာလာစီနီယာနဲ့ စားမယ် …. ရယ်လိုက်တဲ့ ခင်ဗျားပါးစပ်က …
ကိုစောမောင် ပုံစံလို ဆယ်ပြားစေ့ လေးထောင့်ထွက်တဲ့ မိတ်ဆွေ
ကြီးရေ၊ …. ဒါ … ဖဲဝိုင်း” …။
zplayingcar.jpg


“မိတ်ဆွေကြီး၊ သိပ်ဆုမတောင်းနဲ့ … သန်းငါးဆယ်ကို ဥပက္ခာပြုပြီး

… ငါးသိန်းကို မျက်နှာသာပေးတဲ့ ခင်ဗျားရယ့် ဘာသာတရား ….
တောင်စွယ် နေမကွယ်ခင် … ခင်ဗျားရယ့် သမီးကို ကာရာအိုကေဆိုင် ….
ပို့လိုက်ပါအုံး မိတ်ဆွေကြီးရေ၊ ဒါ … ဖဲဝိုင်း” …။

“မိတ်ဆွေကြီး၊ ဒီ … ဖဲဝိုင်းမှာ … အချိန်မစေ့ခင် အမှီလိုက်ပါ …
ငွေမပြည့်ရင် ပူးမှရိုက်ပေါ့ … မျှော်ပြီးရိုက်ရင် ပေါ်ပြီးသာ အောက်စ …
ကြောင် ကြာကြာ ရေမငုတ်သလို၊ ပင်လယ်အ၀’မှာ စစ်သင်္ဘောရောက်
တာတောင် လူမှုရေး ပြဿနာလို့ ယူဆခဲ့တဲ့ မိတ်ဆွေကြီးရေ ...
... ... ... ...
ဒါ … ဖဲဝိုင်း ပါ …
ဒါ ... ဖဲဝိုင်း ပါ …
... .... ....
ဟောဒါ ဖဲဝိုင်း” …။



(http://search.winamp.com/search/webhome မှ ဓါတ်ပုံကိုအသုံး
ပြုထားပါသည်။)

7 comments:

ဟန်လင်းထွန်း said...

လန်းတယ်နော်။ မိုက်တယ်

BLACK DREAM said...

ဂွတ်တယ် :)

ကလူသစ် said...

အောင်မယ်...အရေးအသားတွေ တယ်ဟုတ်နေပါလား

TNS said...

ဒီဖဲဝိုင်းက....
တယ်ဟုတ်ပါလား။။။

ဆောင်းယွန်းလ said...

ဖဲဝိုင်းကြီးကိုလာလေ့လာသွားပါတယ်

mg kyi poae said...

ကိုအောင်ခင်ဗျား...
ခရီးထွက်နေရလို့ တရာမြောက်အတွက်ရော အားလုံးအတွက်စုပေါင်း ကွန်မန့်ရေးလိုက်ပါတယ်။ ပုဒ်ရေ ၁၀၀ မှ ထောင်သောင်းအထိ ရေးနိုင်ပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ။ စစ်ကိုင်းဦးဘိုးသင်း စာအုပ်ကို အင်မတန်မှဖတ်ချင်ပါတယ်။ တခါမှမဖတ်ဖူးဘူးခင်ဗျာ။ အလွန်ကောင်းတဲ့ စာပေရေးသားသူဖြစ်တယ်လို့ ကြားဖူးနေတာကြာပါပြီ။ မြန်မြန်တင်ပေးနော်း-) ကလူသစ်ကိုလည်း ဘလော့ပြန်ဖွင့်ဖို့ ၀ိုင်းပြောပေးပါခင်ဗျာ။ ဒီလူကြီးက မပြောမဆိုနဲ့ လုပ်ရက်တယ် နှစ်သစ်မှာ အစစ အရာရာ အစဉ်ပြေပါစေလို့ ဆုတောင်းပါတယ်ခင်ဗျားးးးး

ယောနသံစင်ရော် said...

ဖဲဝိုင်း.. ရေးချက်ကောင်းမှကောင်း။
ခက်တာက ဖဲအခေါ်အဝေါ်တွေ တခုမှ မသိ။ ပိုကာရိုက်နည်း သင်ပေးရင် ဘယ်နှစ်ခါသင်သင် မေ့တတ်တယ်။ အင်း.. နှစ်ဆယ့်တပေါက်လို ဂဏာန်းပေါင်းရတဲ့ ဟာတော့တတ်တယ်။ ကိုအောင် ပိုကာဒေါင်းနည်းသင်ပေးပါ...း)