Dec 20, 2008

၁၀၀ မြောက်ပို့စ်၊ ကျေးဇူးတင်ခြင်းနဲ့ ရှေ့ခရီး


ရေးသူ- ကိုအောင်

ကျနော့်ဘလော့လေး အင်တာနက်လွင်ပြင်မှာ စီးဆင်းခဲ့တာ ဒီစာပိုဒ်နဲ့ဆို
တစ်ရာပြည့်မြောက်ပါပြီး။ အရင် အရင် … ယခင် ယခင်တွေတုန်းက ဘလော့
တစ်ခု တည်ဆောက်ဖို့ ကျနော် စိတ်မကူးခဲ့ပါဘူး။ ကျနော်ကို ကွန်ပြူတာနဲ့
မိတ်ဆက်ပေးတာ ကိုသက်ဦးပါ။ အွန်လိုင်းပေါ်ရင် ရောက်ရင် အမြဲလိုလို စာ
သွားပြီးဖတ်နေကြ မာယာမဂ္ဂဇင်းကို အားကျပြီး ဒီဘလော့ကို လုပ်ဖြစ်ခဲ့ပါတယ်။
ကိုသွင်မောင်နဲ့ တေဇာတေတို့ ကူညီပေးလိုပေါ့။ နောက်မို့ဆိုရင် … အခု
တောင် EOT အဆင်မပြေသေးဘူး။ ဘလော့တစ်ခု လုပ်ဖို့ တွန်းအား ပေးခဲ့
တဲ့ နော်ဝေးလ်နိုင်ငံက
ကိုမိုးမောင်မောင်လည်း အပါပေါ့။

ဘလော့နာမည်ကို …
ပျူနိုင်ငလို့ နာမည်ပေးခဲ့ပါတယ်။
ကိုမိုးမောင်မောင်က ရယ်စရာ ပြောပါတယ်။ “မင်းကလည်း ဒီမှာ ဗမာနဲ့

မြန်မာ မပြီးသေးဘူး၊ Issue အသစ်တွေ ထပ်ထုတ်နေတာလား” တဲ့။
ဟုတ်ကဲ့ …
ဆရာကြီး ဒေါက်တာသန်းထွန်းရယ့် “ပျူတွေ ဘယ်ပျောက်သွား
သလဲ” စာအုပ်နဲ့
ဆရာဘုန်းတင့်ကျော်ရယ့် “ပျူစစ်လျှင် မြန်မာ” စာအုပ်
တွေ ဖတ်ပြီး အဲဒီ ပျူဆိုတဲ့ လူမျိုး၊ စတင် အခြေချမှုကနေ နိုင်ငံဆိုတဲ့
အရာကို သဘောကျလွန်းလို့ ကျနော့်ဘလော့ စာမျက်နှာလေးကို ပျူနိုင်ငံ
လို့ အမည်ပေးခဲ့ပါတယ်။

zpyu2z.jpg


သွားလေသူ ဆရာကြီး ဒေါက်တာသန်းထွန်းကို ကျနော့်စာမျက်နှာ
တွေပေါ်ကနေ ဂါရ၀ ပြုပါတယ်။ ဆရာဘုန်းတင့်ကျော်ကိုလည်း ဂါရဝ
ပြု ပါတယ်။

zpyu.jpg

ကျနော့်ဘလော့လင့်ဂ်ကို သူ့စာမျက်နှာမှ ပထမဆုံး လင့်ဂ်တင်ပေးခဲ့တဲ့
မာယာမဂ္ဂဇင်းက အကိုကြီး ကိုအေးဝင်းကိုလည်း ကျေးဇူး အထူးတင်
ပါတယ်။ (ဆရာကြီး ဒေါက်တာသန်းထွန်း စာအုပ်အပါအ၀င် စာအုပ်
နှစ်အုပ် လက်ဆောင် ပို့ပေးခဲ့တဲ့အတွက်လည်း ပါဝင် ပါတယ်။) ကျနော့်
ဘလော့မှာ ပထမဆုံး ကော်မန့်ပေးခဲ့တဲ့ ဟော်လန်နိုင်ငံက သူငယ်ချင်း
ဖြစ်သူ
သင်းသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ပထမဆုံး စီဗုံးထဲမှာ
စာလာရေးပြီး အားပေးခဲ့တဲ့ ကိုသက်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။
Google Reader မှ တဆင့် ကျနော့်ဘလော့ရယ့် နောက်ဆုံး ပို့စ်
တွေကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ပထမဆုံး လင့်ဂ်ပေးခဲ့တဲ့
အကိုကြီး ကိုအောင်သာငယ် နဲ့ ကိုလူသစ် (အရေးဆို ဒီလူက မရှိ
တော့ဘူး။) တို့ကိုလည်း ကျေးဇူးများစွာတင်ပါတယ်။

ကျနော် ဘလော့ပေါ်က အချို့သော ဆောင်းပါးများသည် ယခုတိုင်
မပြီးဆုံးသေးပါ။ ဂိုလ်ဒါမယ်ယာ က အပိုင်း(၃)နဲ့ ရပ်ထား ရပါတယ်။
သူနဲ့ ဂျော်ဒန်ဘုရင် ဟူစိန်နဲ့ တွေ့ဆုံပွဲ၊ သူ့ယောင်္ကျားနဲ့ ကွဲခြင်း၊
ယုန်ကစ်ပူး စစ်ပွဲရှုံးခြင်း၊ ဒေးဗစ်ဘင်ဂူရီယန်ကို နိုင်ငံရေးမှာ ဘာကြောင့်
လက်တွဲဖြုတ်ခဲ့လည်း စတာတွေ အသေးစိတ် ထပ်လေ့လာ နေလို့ပါ။
ကျနော်တို့ဆီမှာ (စာကြည့်တိုက်စာအုပ်အများစုဟာ) ဒိန်းမတ်ဘာသာ
စကားနဲ့ ဖြစ်နေလို့ တခြားနေရာက တဆင့်ထပ်ပြီး မှာရပါတယ်။ မကြာ
ခင် အဆုံးသတ်ပါ့မယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ အကြောင်းလည်း ထိုနည်းတူပါပဲ။
အင်္ဂလိပ်အထွက် ဂျပန်အ၀င်တွင် ဆရာကြီးသခင်မြသည် ထိုင်း၊မြန်မာ
နယ်စပ်မှ ထားဝယ်သို့ ဆင်းလာပါတယ်။ အဲဒီမှာ လူဆိုးများ၏ ဖမ်းဆီး
မှုခံရပြီး အတူပါလာသော သခင်ဗဆွေ၏ အကို ကိုဗကြူ အသတ်ခံရပါ
တယ်။ BIA က လာကယ်မှ ဆရာကြီးသခင်မြ လွတ်မြောက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကို သမိုင်းမှတ်တမ်းများတွင် ရှာဖွေကြည့်ရာ ယနေ့ထက်တိုင်
မတွေ့ရသေးပါ။

ဘိုးဘေးဘီဘင်များကို ရှာဖွေခြင်းလည်း အပိုင်း(၁)နဲ့ ရပ်ထားရပါတယ်။
သမိုင်းဆိုင်ရာ ရေးကြတဲ့ တခြားဘလော့တွေနဲ့ ကျနော့်သိထားတာက
ကွဲလွဲနေပါတယ်။ ဒါကြောင့် စာအုပ်တချို့ ထပ်မှာနေရပါတယ်။ သမိုင်းဝင်
ပင်လယ်မြို့ဟောင်း တူးဖော်မှု မှတ်တမ်းအသစ်တွေကို ထပ်စောင့်
နေပါတယ်။

ဒို့ကျောင်းနဲ့ ဒို့ဂါထာ၊ ဒို့အရပ်နဲ့ ဒို့ဇာတ်က မကြာခင် အဆုံးသတ်ပါ့
မယ်။ အကြမ်းတော့ ပြီးပါပြီး။

လက်ရှိမှာ ကျနော့်အလုပ်အကိုင် အပြောင်းအရွေ့ ဖြစ်တဲ့အနေအထား
ရောက်နေပါတယ်။ ဒါကြောင့် ကျနော့် ပင်ကိုယ်ရေးတွေ အစား လူသိ
နည်းတဲ့ တကယ့်ဖြစ်ရပ်မှန် ရှားပါးစာပေတွေကို ဖော်ပြဖြစ်မယ်လို့ စိတ်
ကူးထား ပါတယ်။

အွန်လိုင်းပေါ်မှာ အီးဘွတ်တွေ အများကြီးရှိပါတယ် ….
အဲဒီအထဲမှာ မရှိသေးတဲ့ ... ....

… …. စစ်ကိုင်းဦးဘိုးသင်ရယ့် “ငမဲကျွန်” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါ
သလား … ….
… …. စာရေးဆရာ ရန်ကုန်ဘဆွေက ကလေးငယ်လေးတွေ ဖတ်ဖို့
စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း၊ အဲဒီ
ထဲက လူတွေက အပြင်မှာ တကယ်ရှိပြီး တကယ်ကိုဘဲ ဖြစ်ပျက်ခဲ့တဲ့
“ချီလေသော်လည်း” ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါသလား …. ….
… … ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့တဲ့ အိမ်စောင့်
အစိုးရလက်ထက် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ်မောင်မောင်
ရဲ့ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း “တိုက်ယူရသည့် မျက်ရည်တပေါက်”
ဆိုတဲ့ စာအုပ်လေးရော ဖတ်ဖူးပါသလား … …

… … ယခုလက်ရှိ မြန်မာပြည်တွင်းမှ ဆင်ဆာအဖွဲ့က ပြန်လည် ထုတ်
ဝေခွင့် မပြုတဲ့ စာအုပ်တချို့နဲ့ ကျနော့် ကိုယ်ပိုင်ရေး ကျိုးတို ကျဲတဲ
လေးတွေ ပေါင်းပြီး ကျနော့်ဘလော့လေးကို ဆက်လက် စီးဆင်းခွင့်
ပြုပါလို့ ပြောပါရစေ ခင်ဗျာ။

… … စာလာဖတ်သူ အားလုံး၊ မိတ်ဆွေ သင်္ဂဟ အားလုံး စိတ်၏ချမ်း
သာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ … … ။

14 comments:

အောင်သာငယ် said...

တရာမှသည်... တသန်းမြောက်သည်အထိ...
စီးဆင်းပစ်ပေါ့.... ညီလေးရေ့...

သိပ်မကြာခင်မှာလည်း.... တနှစ်မြောက်... မွေးနေ့ကို... ကြိုဆိုကြရဦးမယ် မဟုတ်လား...

ဒါနဲ့... အကိုက... ဘယ်နှယ်... ကျေးဇူးတင်ရတဲ့... စာရင်းထဲ... ပါနေရသလဲ... ဟ...
ညီအကိုချင်း... ရဲဘော်ရဲဘက်ချင်းတွေဟာ...း)

အားပေးနေပါတယ်... ညီလေးရေ့...
အစစ... အရာရာ... အဆင်ပြေပါစေ...

အကို
ATN

ယောနသံစင်ရော် said...

ကအောင်.. အသက်တရာပြည့်မှသည် အော်မဟုတ်ပေါင်ယောင်လို့း)ပို့စ်တရာပြည့်မှသည် ...ဆထက်ထမ်းပိုးတိုးလို့ ဆက်၍စာတွေရေးသားနိုင်ပါစေ။ (အပိုင်း ၅ ဒို့ကျောင်း၊ဒို့ဂါထာ မျှော်နေစဲပါ)

pandora said...

ဒီလိုပဲ အသက်တစ်ရာ မနေရပေမယ့် ပို့စ်တစ်ရာ ရေးဖြစ်တတ်ပါတယ်။
ဟဲ။ နောက်တာပါ။ အသက်တစ်ရာလည်း နေရမှာပေါ့။
ပို့စ်တစ်ရာမှသည် ထောင် သောင်း သိန်းသန်း ကုဋေ ရေးနိုင်ပါစေ။

ခေါင်ခေါင် said...

ပိုစ့် ၁၀၀ မှ .. ပိုစ့်ပေါင်းသိန်းသန်း ချီအောင် ရေးပေးနိုင်ပါစေ.. ထူးထူးခြားခြား ရှားရှားပါးပါး သုတရသ တွေရော သမိုင်းအဖြစ်အပျက်တွေရော သမီးတို့သိပ်လက်လှမ်းမမှီခဲ့တဲ့ နိုင်ငံရေး အကြောင်းတွေရော တစ်နေရာထဲမှာ အစုံဖတ်ခွင့်ရလို့.. ကိုအောင်ရဲ့ စေတနာကို လေးစားပြီး အမြဲလာဖတ်ဖြစ်နေခဲ့ပါတယ်။
ရေးပေးခဲ့တဲ့ စာတွေအားလုံးအတွက်လဲ ကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာ အစစအရာရာ အဆင်ပြေပါစေ။

စန္ဒီမိုးမြင့် said...

ဦးအောင်
ပို့စ်တစ်ရာ ပြည့် အထိမ်းအမှတ် ဘီယာပုလင်းတစ်ရာ
နဲ့ ဂုဏ်ပြုတယ်
ပြီးရင် သားကောင်ဆိုသွားမယ်
ပြီးရင် ဦးပိန်တံတားပေါ်က ခုန်ချခိုင်းမယ်
:P
ခင်မင်လျက်
တူမတော်
စန္ဒီမိုးမြင့်

Nyein Chan Aung said...

ဒီပိုစ့်ကိုဖတ်လိုက်ရမှ ကိုအောင်ရဲ့ ဒီဘလောဒ့်အပေါ် အချိန်ကုန်ခံ၊ အပင်ပမ်းခံ လုပ်ကိုင်နေမူကို သိရတယ်ဗျာ။ စာဖတ်ပရိသတ်ကို အသိအမြင်တွေ အများကြီး ပေးနိုင်ပါစေ။ သာဓုသာဓုသာဓု..။

ဖုန်းမြင့် said...

ပို့စ် ၁၀၀ အတွက် ဘရာဗိုဗျာ....။
ရာပြည့် ကိုအောင်ပေါ့ ဟုတ်လား.......
ဒင်ပြည့် ကျပ်ပြည့် ထောင်ပြည့်တဲ့အထိ စီးဆင်းနိုင်ပါစေဗျာ....။

ကလူသစ် said...

အပေါ်ကလူတွေ ဆုတောင်းပေးသွားတဲ့အတိုင်းပဲနော်။ :)

ကမာနီလာ said...

ကိုအောင်ရေ
ပို့စ်တရာပြည့်မြောက်မှသည် တန်ဘိုးရှိတဲ့ ပို့စ်လေးတွေကို ထောင်၊ သောင်း ၊သိန်း၊သန်း ချီလို့ ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်တယ်နော်၊

Kay said...

ဆက်လက် ဝေမျှ နိုင်ပါစေ- ကိုအောင်

ခင်မင်လျက်-

တားမြစ် ထားသော... said...

၁၀၀ပြည့်ပြီးတော့ နောက်ထပ်၁၀၀ပေါ့ ခင်ဗျာ။ ဆက်လက် ဝေမျှနိုင်ပါစေ။ ဖတ်ဖူးပါသလား မေးသွားတာလေးတွေကို ဖတ်ချင်ပါတယ်။

သုခမိန်(E-Journal)

ဆောင်းယွန်းလ said...

လွတ်လပ်စွာစီးဆင်းနိုင်ပါစေ ကိုအောင်ရေ...
ခင်မင်လျက်

Welcome said...

ပျော်ရွှင်စွာနဲ့ ဆက်လက် Blogging နိုင်ပါစေဗျာ။ လေးစားလျက်ပါ

http://winzaw-mdy.blogspot.com

Thet Oo said...

Thanks for your credit.