Jan 10, 2009

ကဗျာအတွက် ကဗျာ


ရေးသူ-
မောင်သာနိုး
(ထင်းရူးပင်ရိပ် စာမျက်နှာ ၁၄၊၁၅။)


ကဗျာကို ဂီတဘက်နွယ်အောင်၊ ဂီတသဘော သက်ရောက်အောင် လုပ်တယ်
ဆိုတာဟာ တနည်းအားဖြင့်တော့ ကဗျာကို တစ်ဦးချင်းရဲ့ စိတ်ခံစားမှုများ၊
စိတ်လှုပ်ရှားမှုများ ကျက်စားရာအဖြစ် လုပ်ခြင်းပါပဲ။ ရောမန္တိကတွေထက်တောင်
တစ်ဦးချင်းသဘော ဆောင်လာတဲ့ လက္ခဏပါပဲ။ ကဗျာဟာ ကဗျာဆရာတစ်ဦးထဲ
ရဲ့ ပုဂ္ဂိလက ကိစ္စရပ်လေး တစ်ခုလို ဖြစ်လာပြီး၊ စာဖတ်ပရိတ်သတ်နဲ့ ဆက်သွယ်
လို့မရအောင် ဖြစ်လာရပါတော့တယ်။ သင်္ကေတ၀ါဒဆိုတဲ့ အမည်ကိုက ခပ်ရှုပ်ရှုပ်
ပါ။ မာလာမေတို့ ပြောတဲ့ သင်္ကေတဆိုတာ အများနားလည်းတဲ့ သင်္ကေတမျိုး
မဟုတ်ပါဘူး။ အများနားလည်းနေတာက သင်္ကေတမျိုး မဟုတ်ပါဘူး။

အများနားလည်းနေတာက သင်္ကေတဆိုတာ တစ်စုံတစ်ခုကိုယ်စား လူအများက

ဝိုင်းပြီး အမှတ်အသားပြုထားတဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဥပမာ ဆေးရုံးကို ကြက်
ခြေနီ၊ ပညာကို မီးရှူး။ ရှေးရှေးကစာဆိုတွေ သုံးခဲ့ကြတဲ့ သင်္ကေတဆိုတာလည်း
အလားတူ သဘောဆောင်ပါတယ်။ သဘောသဘာဝ တူမျှတာကိုယူပြီး သင်္ကေတ
ပြုခဲ့ကြခြင်းပါ။ “ရွှေလိပ်ပြာရွှင်စေ့မယ်” ဆိုရာမှာ “လိပ်ပြာ”ဟာ ၀ိညာဉ်ကို ပြောတာ
ပါပဲ။ ရှေးအယူအရ ၀ိညာဉ်ဟာ လိပ်ပြာကလေးနဲ့ တူတယ်ဆိုလို့ ဒီလို သုံးခြင်း ဖြစ်
ပါတယ်။ “သကျမျိုးရိုး ခြသေ့င်္မင်း”လို့ ဘုရားကို ခေါ်ဝေါ်တာလည်း ရဲရင့်ခြင်းတူလို့
ခေါ်တာ ဖြစ်ပါတယ်။

သင်္ကေတ၀ါဒီတွေရဲ့ သင်္ကေတက ဒီလို မဟုတ်ပါဘူး။ ကဗျာဆရာက သူ့မှာ
ဖြစ်ပေါ်လာတဲ့ စိတ်အတွေးတွေကို ကိုယ်စားပြုဖို့ သူထင်သလို ရွေးချယ်သုံးနှုန်း
လိုက်တဲ့ ပစ္စည်းတွေပါ။ ဥပမာ ကဗျာ ဆရာတစ်ယောက်က သူအိပ်ချင်စိတ်ဖြစ်
ပေါ်လာတာကို ပြောချင်ရင် “ငါ့ခေါင်းထဲ ပိုးနသန်ကောင်တွေ တွားဝင်လာနေတယ်”
လို့ ပြောတာမျိုးပါ။ တနည်းအားဖြင့်တော့ သူ့အတွေး၊ သူ့စိတ်ကူးတွေကို တမင်
လူများတကာ မရိပ်မိအောင် ဖုံးကွယ်ပေးတဲ့ မျက်နှာဖုံးလို ရုပ်ဖျောက်စရာ ပစ္စည်း
များပါပဲ။ မာလာမေက ဒီလိုပြောပါတယ်။ “ပါနဲဆယန်တွေက အရာဝတ္ထုကို သူရှိနေ
တဲ့ အတိုင်းပဲယူပြီး ကျုပ်တို့ရှေ့ ချပြတယ်။ အဲဒီတော့ လျို့ဝှက်တဲ့သဘော မပါ
တော့ဘူး။ အဲဒီတော့ ဖန်ဆင်းနေရတာပဲလို့ ယုံရတဲ့ အရသာကို စိတ်ထဲမှာ မရှိစေ
တော့ဘူး။ ပစ္စည်းတစ်ခုကို နာမည်ထုတ်ပြောလိုက်တာဟာ ကဗျာဖတ်ရတဲ့ အရသာ
ကို လေးပုံသုံးပုံ လျှော့သွားစေတယ်။ ကဗျာအရသာဆိုတာ နည်းနည်းချင်းနည်းနည်း
ချင်း ခန့်မှန်းလို့ ရရှိတဲ့ အခါမျိုးမှာမှ ပေါ်တာကလား။ အရိပ်အမြွက်ပြပေး၊ သိချင်
အောင်ဆွပေး၊ ဒါဟာ စိတ်ကူးကို စွဲမက်စရာ ဖြစ်စေတယ်။”

သင်္ကေတ၀ါဒ လှုပ်ရှားမှုဟာ ပထမတော့ ပြင်သစ်ပြည်အတွင်းမှာပဲ နယ်သန့်နေခဲ့
ပါတယ်။ လေးလေးနက်နက် ခေါင်လွန်းတဲ့ ကဗျာမျိုးကိုမှလဲ သုံးကြတယ်။ နောင်မှာ
တော့ တစ်တစ်စနဲ့ အနောက်တိုင်း ကမ္ဘာတစ်ခုလုံး ပြန့်နှံ့သွားပြီး ဒီနည်းတွေကို
လည်း ကျယ်ကျယ်ပြန့်ပြန့် အသုံးချလာကြပါတော့တယ်။ ကနေ့ခေတ်ရဲ့ စာပေ
ရာဇ၀င်ဟာ သင်္ကေတ၀ါဒ ဖြစ်ပေါ်လာပုံ သဘာ၀၀ါဒနဲ့ ဆန့်ကျင်ခဲ့ရပုံ ရာဇ၀င်ပါပဲ
လို့ ဆိုကြပါတယ်။ ကနေ့ ခေတ်ပေါ်ကဗျာ(“မော်ဒန်”) ဆိုတာ သင်္ကေတ၀ါဒကဗျာ
က စလိုက်တာပါပဲ။ ဂျွန်ကိစ်ရဲ့ ပထမဆုံး ကဗျာစာအုပ်ကို ဖတ်ရတော့ လီးဟန့်က
ဂျွန်ကိစ်ဟာ “ကဗျာအတွက် ကဗျာ” ရေးတာပဲလို့ မှတ်ချက်ချပါသတဲ့။ သင်္ကေတ
ဝါဒီတွေလည်း ထိုနည်းလည်းကောင်းပါပဲ။ ထေယော်ဖိလ် ဂိုတျယ် ဖြန့်ဖြူးခဲ့တဲ့
“အနုပညာအတွက် အနုပညာ” ဆိုတဲ့ ဆောင်ပုဒ်ပေါ်မှာ သူတို့ရဲ့ လှုပ်ရှားမှုကို
တည်ဆောက်ထားခြင်းပါပဲ။ ။


(ဤမျှသာ။)

3 comments:

ဆောင်းယွန်းလ said...

လေ့လာမှတ်သားသွားပါတယ်ဗျာ..
ကျေးဇူးလည်းတင်ပါတယ်ကိုအောင်ရေ...
ခင်မင်လျက်...

ခေါင်ခေါင် said...

ကဗျာ ဆိုတာရဲ့ ဆိုလိုရင်း ကိုဖတ်သွားပါတယ်။
သိပ်တော့ နားမလည်ဘူး အစ်ကိုရဲ့.. အဟဲ.လိုက်မမှီဘူးလေ...
မှတ်သားသွားပါတယ်..

Nyein Chan Aung said...

ထင်းရှူးပင်ရိပ်လည်း ပြန်တင်မလား။ ကောင်းတယ်ဗျာ။