Jul 15, 2009

ကဝေပျို



ရင်ဝဆီကို ထိအောင်ပြစ်ဖို့
မုဆိုးသဏ္ဌာန် ဒူးထောက်တတ်ပြီး
အရူးတွေရဲ့ လက်ခုပ်သံကြား
ကော်ဇောပေါ်မှာ လမ်းလျှောက်ကျင့်သူ။ ။


-စစ်ငြိမ်းဒီရေ

(ဓါတ်ပုံကို အင်တာနက် ဒီနေရာက ရယူထားပါတယ်။)

2 comments:

မမသီရိ said...

ကိုအောင် ကဗျာလေးလာဖတ်တယ်
မရောက်တာတောင်ကြာခဲ့ပြီ
ဟိုတလောက ရောက်ပေမဲ့ ခြေရာမချန်ခဲ့မိ

အရူးတွေရဲ့ (လက်ခုပ်)သံကြား

ကဗျာလေးက လှတယ်
ကျမကို စောင်းပြောတာတော့ မဟုတ်လောက်ပါဘူးနော်း)

ဒီစကားပြောရတာ အကြောင်းရှိလို့ပါ
မနေ့က တယောက်က အွန်လိုင်းမှာ ဒီလေသံ မျိုးနဲ့ လာပြီပြောတာ ခံခဲ့ရတယ်..း)


ကိုအောင်သိထားအောင်တော့ပြောချင်ပါတယ်
ကျမ က ဘလော့ဂါ ဖြစ်ချင်သူ မဟုတ်ပါဘူး
ရေးမိရေးရာ တွေ ရင်ထဲ မှာပေါ်လာတာတွေ
ချချ ရေးပြီး မှတ်တမ်းတင်မျှဝေယုံ သက်သက်ပါ

ကိုအောင်(ပျူနိုင်ငံ) said...

သာမန်ရေးထားတဲ့ ကဗျာတစ်ပုဒ်ပါ။ မည်သူကိုမျှ
မရည်ရွယ်ပါ။