Jul 18, 2009

မြေလူးပွဲ

အိမ်မက်ဆိုးထဲ
မျက်လုံးတွေ ရေငုပ်တဲ့ ည
အဲဒီညမှာ
ဌက်တအုပ်က နူတ်ဆက်လေပြီ။

ကောက်ရိုးမီးများ လှပ
သက်ပြင်းမောများ ယိမ်းက
ဂျိုးကူသံများ လွင့်ပျောက်
ရိုးမဆင်များ တောက်ခေါက်
ခေါင်းလောင်းထိုးသံများ မဆုံးသော ည
အဲဒီညမှာ
ဌက်တအုပ်တော့ လက်ပြလေပြီ။

ဒီလှိုင်းတွေ မတက်ခင်
ခရာရှည်တွေ မဆုံးခင်
အလံခေါက်ရိုးတွေ မသိမ်းခင်
တောင်တန်းတွေ မငိုခင်
ငရဲခွေးတွေ မမိခင်
နိဗ္ဗာန်ဘုံတံခါး ဖွင့်သောည
အဲဒီညမှာ
ဌက်တအုပ်တော့ ထွက်ခွာလေပြီ။

ငွေရောင်ဓါးတွေ မကျသေး
ရွှေရောင်ပိတ်ကား မချသေး
နရီစည်းသံများ မဆုံးသေး
မီးလုံးဝါများ မငြိမ်းသေး
မုန်းတိုင်းများ မနိုးသေး
မီးတောင်များ မပေါက်သေး
ရာသီမမှန်သော နှင်းဆီပန်းများပွင့်သော ည
အဲဒီညက
ဌက်တအုပ် …. ။


-စစ်ငြိမ်းဒီရေ

1 comment:

မေဓာဝီ said...

နှုတ်ဆက် .. လက်ပြ .. ထွက်ခွါသွားတဲ့ ငှက်တအုပ်ရဲ့ မြေလူးပွဲကို ဖတ်ရှုခံစားသွားပါတယ်။