Jul 23, 2009

ပန်းတိုင်ပြာ



ဒီအခန်းငယ်ထဲ …..
နံဘေးမှာလည်း ပြာ
အရှေ့မှာလည်း ပြာ
အသိကလည်း ပြာ
ကတိကလည်း ပြာ
နေရာတိုင်းမှာ ပြာ
ကိုယ်တိုင်လည်း ပြာ

ပြာထဲမှာ မွေးပြီး
ပြာထဲမှာ ကြီးခဲ့လို့
ပြာတွေက ဒို့ကမ္ဘာ
ပြာတွေကို စာပြီး
ပြာအဖြစ်ကို ဂုဏ်ပြုလို့
ပြာတွေမှ မြင့်မြတ်မဟာ
ပြာလမ်းမှာ လျှောက်လှမ်းပြီး
ပြာအရိပ်မှာ ချွေးသိပ်လို့
ပြာပုံထဲက ပြာ
ပြာတံဆိပ်တွေ ချိတ်ဆွဲပြီး
ပြာလက်တွေ နူတ်ဆက်လို့
ပြာတွေရဲ့ ပြာ

“ပြာအဖြစ်မှ နိုးထလော့”

ဇာတ်လမ်းလေး ဆုံးသွားရင်
မှတ်တမ်းလေး ပြီးသွားရင်
ချစ်တဲ့သူတွေ အားလုံး
မုန်းတဲ့သူတွေ အားလုံး
အားလုံးသည် ပြာ
ပြာ
….
….
ပြာ။ ။


-စစ်ငြိမ်းဒီရေ

(ဓါတ်ပုံကို အင်တာနက် ဒီနေရာ ကူးယူထားပါတယ်။)

3 comments:

pandora said...

နောက်ဆုံးတော့လည်း ပြာအဖြစ်ကို ရောက်ကြရမယ်
လောလောဆယ် ပြာနေတာ ခက်တယ်။

ဆောင်းယွန်းလ said...

ကဗျာကောင်းတပုဒ်ပါပဲ ကိုအောင်ရေ
အားလုံးပြာနေတဲ့အထဲမှာ ကျနော်လည်း..ပြာပေါ့

Nyein Chan Aung said...

ဟုတ်တယ် ပန်ပြောသလိုပဲ "နောက်ဆုံးတော့လည်း ပြာအဖြစ်ကို ရောက်ကြရမယ်
လောလောဆယ် ပြာနေတာ ခက်တယ်"

အဆင်ပြေပါစေ ကိုအောင်