Oct 2, 2009

ရုပ်ရှင်များ (၃)

ရေးသူ- စစ်ငြိမ်းဒီရေ

(၆) Exodus


တကယ့်ဖြစ်ရပ်မှန်တချို့အပေါ် အခြေခံပြီး ရိုက်ကူးခဲ့တဲ့ ဒီရုပ်ရှင်ကား
Exodus သည် အစ္စရေးလ် နိုင်ငံထူထောင်ရေး သမိုင်း၏ အစိတ်အပိုင်း
တစ်ခု ဖြစ်ပါတယ်။

Exodus ရုပ်ရှင်ကို Youtube ရဲ့ ဒီနေရာကစပြီး အပိုင်းလိုက်
ကြည့်ရူနိုင်ပါတယ်။

(၇) To Live


To Live ရုပ်ရှင်ကားဟာ တခေတ်တခါက နာမည်အကြီးဆုံး ရုပ်ရှင်အဖြစ်
ကမ္ဘာ့ရုပ်ရှင်ကြည့် ပရိတ်သတ်အလယ်မှာ ထင်ရှားခဲ့ပါတယ်။ တချို့တွေ
က ဒီရုပ်ရှင်ကားဟာ ကွန်မြူနစ်စနစ်ကို ဆန့်ကျင်တယ်လို့ သတ်မှတ်
ကြပါတယ်။ သို့ပေမဲ့ ဒီရုပ်ရှင်ကားက နိုင်ငံရေးစနစ်တွေအောက်မှာ ပြည်သူ
တွေရဲ့ ဘ၀အပြောင်းအလဲ အချိုးအကွေ့တွေကို ထင်ရှားအောင် ဖော်ပြ
နိုင်တဲ့ အကောင်းဆုံးရုပ်ရှင်တစ်ခု ဖြစ်တယ်ဆိုတာ ငြင်းနိုင်သူ မရှိပါဘူး။ မြန်မာပြည်
မှာတော့ ရုပ်ရှင်မင်းသား ကျော်ဟိန်းက ဒီဇာတ်လမ်းကို အတုခိုးပြီး “ကြိုးဆွဲငမုန်း
အမည်နဲ့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ တုပလို့ မရခဲ့ပါဘူး။

ရုပ်ရှင်ရဲ့ အသုံးအနှုန်းတွေထဲမှာ “counter-revolution” ဆိုတဲ့ စကားလုံးတွေ၊
တရုတ်ပြည်မကြီးအစိုးရနဲ့ တိုင်ဝမ်၊ အမေရိကန်တို့ အကြား စစ်ဖြစ်ပွားနိုင်တဲ့
၁၉၅၉- ၁၉၆၀ ခုနှစ် ပတ်ဝန်းကျင်က လက်နက်အတွက် “သံထည်ပစ္စည်း” ရှာဖွေ
ရေး ကြိုးစားစုဆောင်းမှုမှာ သုံးစွဲခဲ့သော စကားလုံး “steel revolution” ဆိုတဲ့
သရော်အသုံးအနှုန်းတွေရဲ့ အဓိပ္ပါယ်ကို ရုပ်ရှင်ထဲမှာ ကြည့်ရူနိုင်ပါတယ်။

To Live (Huzhe) ရုပ်ရှင်ကို Youtube မှာ ဒီနေရာမှာ Huzhe part 1 (to live)
ဆိုပြီး စကြည့်ရူလို့ ရပါတယ်၊ အပိုင်းလိုက် အစီအစဉ်အတိုင်း ကြည့်လို့ ရပါတယ်။

(၈) Savior


ဒီရုပ်ရှင်ကားက ယူဂိုစလားဗီယားပြည်ထောင်စုဟောင်း ပြိုကွဲခဲ့တဲ့ ပြည်တွင်း
စစ် ရုပ်ရှင်တစ်ခုပါ။ ဆာ့ဗ်တွေနဲ့ ဘော့စနီးယားတို့၊ ခရိုအေးရှားတို့ရဲ့ မွတ်စလင်-
ခရစ်ယာန် ဘာသာရေးစစ်ပွဲ အနိဋ္ဌာရုံ တွေကို ကြည့်ရူရတဲ့ ရုပ်ရှင်တစ်ခုပါ။
ဥပမာ- ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတစ်ခုမှာ နေ့စေ့ လစေ့ ဗိုက်ကြီးသည်ကို
ခြေထောက်နဲ့ကန်ပြီး ကလေးမွေးခိုင်းတဲ့ ပြကွက်တွေဟာ အရမ်းကို အရုပ်ဆိုး
လှပါတယ်။

Savior ရုပ်ရှင်ကို Youtube ဒီနေရာမှာ အပိုင်းလိုက် အစီအစဉ်အတိုင်း
ကြည့်ရူလို့ ရပါတယ်။

(၉) Asoka


Asoka (အာသောက) ရုပ်ရှင်သည် အိန္ဒိယသမိုင်းပုံရိပ်တွေကို ရုပ်ရှင်
အနေနဲ့ တင်ပြထားမှု တစ်ခု ဖြစ်ပါတယ်။ သမိုင်းမှာ ရှိခဲ့ဖူးတဲ့၊ ရှိနိုင်လိမ့်မဲ့
ပုံရိပ်တွေကို ရုပ်ရှင်အနေနဲ့ အားထုတ်မှုအပေါ် နားလည်သလိုသာ ခံစားကြပါ။

Asoka ရုပ်ရှင်ကို Youtube ရဲ့ ဒီနေရာမှာ အပိုင်းလိုက် အစီအစဉ်အတိုင်း
ကြည့်ရူလို့ ရပါတယ်။

(ဤမျှသာ။)

1 comment:

Kay said...

အာသောက တော့ ကြည့်ဖူးတယ်။

အိပ်ဇိုးဒပ် ကိုတော့..မောင်မိုးသူ ဘာသာပြန်တာပဲ ဖတ်ဖူးတယ်.. ကြည့် အုံးမယ်။

ကျေးဇူး..ကိုအောင်း)