Oct 28, 2009

တမာခေါက်တွေ ဆွဲဖို့ မလို

ရေးသူ- စစ်ငြိမ်းဒီရေ

အခုတလော အီမေးလ်ကို ဖော်ဝပ်မေးလ်တွေက တဆင့် ၂၀၁၂ ခုနှစ်
ကမ္ဘာပျက်မယ် ဆိုတဲ့ အကြောင်း ရေးသားချက်တွေရော၊ ဟိုလူက ပြောတယ်၊
ဒီလူက ဟောတယ် စသဖြင့် ရေးသား ဖော်ပြချက်တွေ ရောက်ရောက်လာပါတယ်။

ဒီကိစ္စက ဒီဝက်ဆိုဒ်မှာ ကြော်ငြာနေတဲ့ 2012 ရုပ်ရှင်ကြောင့်ပါ။



ဒီသတင်း သေချာရင် နာဆာနဲ့တကွ အာကာသ လေ့လာစူးစမ်းရေး ပညာရှင်
တွေ၊ အစိုးရနဲ့ ကင်းလွှတ်တဲ့ သိပ္ပံပညာရှင် အစုအဝေးတွေက တိတိကျကျ
သေသေချာချာ သတင်းထုတ်ပြန်မှာပါ။ သတင်းနဲ့ မီဒီယာတွေကလည်း
ငြိမ်ငြိမ်နေမယ်လို့ မထင်ပါဘူး။

မြန်မာပြည်တွင်းကနေ တခါတလေ အင်တာနက်ပေါ်မှာ စာလာဖတ်သူတွေက
၂၀၁၂ ကမ္ဘာပျက်တော့မယ်လို့ ရေးထားတာတွေ ဖတ်ရတယ် ဆိုပြီး အထိတ်
တလန့် ဖြစ်လာနိုင်ပါတယ်။ မြန်မာပြည်ရဲ့ တချို့ ဒေသတွေမှာ ထစ်ခနဲ ဆိုရင်
ဘုရားပွဲလှည့်မယ် ဆိုတာတို့၊ ဒေသစာရီ ဘုရားကြွတယ် ဆိုတဲ့ ပွဲလမ်းသဘင်
တွေ လုပ်လေ့လုပ်ထ ရှိပါတယ်။ နဂိုကမှ စားဝတ်နေရေး အခက်အခဲတွေ ကြား
မှာ ရုန်းကန်နေရတဲ့ ကြားထဲ ဘာသာရေး ပွဲလမ်းသဘင်တွေ လုပ်လိုက်ကြ၊ အဲဒီ
ပွဲတွေကို လုပ်ဖို့ လောင်းကစားဝိုင်းဖြင့် စီးပွားရှာသူတွေ ဆီက ကြိုတင်ပြီး
အကောက် (ပွဲခွန်) တွေ ယူလိုက်ကြပါ။ ဆယ့်နှစ်လရာသီ အလှူခံမဏ္ဍန် မရှိတဲ့
ဒေသဆိုတာ မြန်မာပြည်ရဲ့ ဘယ်နေရာလဲလို့ မေးရမလို့ ဖြစ်နေတာကြာပါပြီ။
ပွဲလမ်းသဘင် တစ်ခု ပြီးသွားရင် အဲဒီဒေသက လူငယ်တွေ၊ မိသားစုတွေ ပွဲခင်း
ထဲက လောင်းကစားဝိုင်းတွေကြောင့် စီးပွားတွေ ပျက်၊ အကြွေးတွေ တင်ကြတဲ့
ဓလေ့ကလည်း အမြဲလိုလိုပါ။ ဒါကြောင့် ၂၀၁၂ ကမ္ဘာပျက်မယ်ဆိုတဲ့ အင်တာနက်
ရေးသားချက်များအပေါ် အထိတ်တလန့် မဖြစ်ကြပါနဲ့။ တော်ကြာ ကမ္ဘာက ဘယ်နေ့
ပျက်မှန် မသိဘူး၊ နဂိုက ယဲ့ယဲ့သာရှိတဲ့ စားဝတ်နေရေးတွေ ပွဲလမ်းသဘင်ကြောင့်
ကြိုပြီး ဘ၀တွေ ပျက်ကုန်ပါအုံးမယ်။

ကျနော်တို့ ငယ်စဉ်တုန်းကလည်း တဘောင်ဆိုတာကြီး ထွက်ခဲ့ဘူးပါတယ်။
“ကလေးသား ချို၏၊ ခွေးသား ခါး၏” တဲ့
ဒီတော့ မိဘတွေလည်း ပြာယာ ခတ်ကုန်ကြပါတယ်။ ဒါနဲ့ ဘာလုပ်ကြသလဲ
ဆိုတော့ “တမာခေါက်” တွေကို အပ်ချည်ကြိုးနဲ့ တွဲပြီး ကလေးတွေရဲ့ လည်ပင်း
မှာ လိုက်ဆွဲကြပါတော့တယ်။ သဘောကတော့ တမာခေါက် ဆွဲလိုက်မှ
“ကလေးသား ခါး၏၊ ခွေးသား ချို၏” လို့
အဓိပ္ပါယ် ပြောင်းပြန် ဖြစ်အောင် လုပ်ကြတာပါ။

ဒီလိုပါပဲ အာကာသထဲက ယာဉ်ကြီး တစ်စင်း ဘယ်နေ့ ကောင်းကင်ပေါ်ကနေ
ပြုတ်ကျလာနိုင်တယ် ဆိုပြီး အုတ်အော်သောင်းနင်း တခါ ဖြစ်ဖူးပါတယ်။ ညဖက်
အိပ်ရင်တောင် ဘယ်အချိန် ဒါကြီး ငါတို့ ခေါင်းပေါ် ပြုတ်ကျ လာမလဲလို့ တွေး
ပြီး ကြောက်နေရတဲ့ ဘ၀တွေပါ။ ဒါကြောင့် ပြည်တွင်းမှာ ထစ်ခနဲ ရှိရင် ပွဲလုပ်တတ်
တဲ့ အလှူခံ မဏ္ဍန်က မာစတာကြီးများတွေ ဒီကိစ္စကို လက်ညှိုးထိုးပြပြီး လော်စပီကာ
သံတွေ ဆူညံနေမှာ စိုးရိမ်မိပါတယ်။

ကမ္ဘာမပျက်ပဲ ဘ၀ပျက်ခြင်းမှ ကင်းဝေးကြပါစေ … ။

7 comments:

ကလူသစ် said...

ရုပ်ရှင်ကြေညာကနေ နဲနဲလက်လွန်သွားတယ်ထင်ပါရဲ့ဗျာ။ အတွေးလေး ကောင်း၏

MieMie said...

ဟုတ်တယ်ဗျို့  ..ကမ္ဘာ ပျက်မှာ ကို မကြောက်ဖူး..
ဘ၀ ပျက်မှာဘဲ ကြောက် တယ်...

mie nge

ဂျူနို said...

ဟုတ်တယ် ကိုအောင်။ မအယ်ဖြင့် နှဂိုကမှ အိမ်နဲ့ဝေးနေပါတယ်ဆို ဒီပို့စ်ကြီးရေးပြီး ငိုချင်သလို ရီချင်သလို နေမထိ ထိုင်မထိနဲ့။

ယုံတာ မဟုတ်ပါဘူး။ မိသားစုကို သတိရပြီး စိတ်က တမျိုးဖြစ်သွားတာ။



မအယ်

ကိုအောင်(ပျူနိုင်ငံ) said...

ကိုလူသစ်၊ မမီးငယ်နဲ့ မအယ်တို့ ကျေးဇူးပါ၊ မမီးငယ်
စာရေးချင်စိတ် ပေါက်တာတွေ ရှိရင် ကျနော့်အီမေးလ်
ကို ပို့လိုက်ပါ၊ ကျနော့်စာမျက်နှာမှာ တင်ပေးပါ့မယ်
ခင်ဗျာ။

Nge Naing said...

ကိုအောင်ရေ
စာလာဖတ်သွားပါတယ်။ ကမ္ဘာက ၂၀၁၂ မှာ မပျက်ရင်တောင်မှ တချိန်ချိန်မှာ ပျက်မှာပဲ။ ကမ္ဘာမှ မဟုတ်ဘူး ဘာမဆို အချိန်မရွေး ပျက်နိုင်ပါတယ်။ သူလည်း ပျက်ချိန်တန်ပျက် ကိုယ်လည်း လုပ်စရာရှိတာ လုပ်ရမှာပဲ။

တောင်ပေါ်သား said...

ကလူသစ် ပြောတာ ဖြစ်နိုင်တယ် ရုပ်ရှင်ကို ကြော်ငြာအားများသွားတယ် ထင်တယ်း)

လေးစားလျက်
တောင်ပေါ်သား

ကိုအောင်(ပျူနိုင်ငံ) said...

မငယ်နိုင်နဲ့ ညီလေး တောင်ပေါ်သားတို့ ကော်မန့်
လာရေးတာ ကျေးဇူးပါ၊ ဒီသတင်းကို လျှော့မတွက်နဲ့
နော် လူတိုင်းက အသက်အရွယ်အရ သိပ်မရင့်ကျက်
နိုင်ကြဘူး။ ပြည်တွင်းက လူတွေ မပြောနဲ့ ပြည်ပ
ရောက်နေတဲ့ တချို့ လူငယ်တွေ stress တွေ ၀င်ပြီး
ငိုတဲ့သူတောင် ရှိတယ်တဲ့။ မခက်ဘူးလား။ ဒီသတင်း
မမှန်နိုင်ဘူးဆိုတာ သိပင်မဲ့ မြန်မာပြည်တွင်းမှာ ထစ်ခနဲ
ဆိုရင် ဘာသာရေး ပွဲလမ်းသဘင် ထလုပ်လိုက်ကြ၊
အဲဒါတွေ လုပ်ဖို့ ပိုက်ဆံမရှိရင် လောင်းကစားဒိုင်တွေ
ဆီက ကြိုပြီး ပိုက်ဆံ ယူကြတာ၊ ပြဿနာက မီးခို
တောက်လျှောက်တွေ၊ ဒါကြောင့် အွန်လိုင်းပေါ်မှ နည်းနည်းတော့ သတိထားသင့်တယ်၊ လွတ်လပ်မှု
က တခါတလေ တာဝန်ကြီးတယ်ဆိုတဲ့ သဘောပါ။