Oct 26, 2009

မြန်မာ့သရဲတစ္ဆေ ရိုက်ကူး ထုတ်လုပ်သူများ စည်းကမ်းရှိကြပါစေ

ရေးသူ- စစ်ငြိမ်းဒီရေ

ယခုတလော အင်တာနက်ပေါ်တွင် အခမဲ့ ကြည့်ရူရသော ၀က်ဆိုဒ်များမှ
တဆင့် ခေတ်စားလာသည့် မြန်မာ့သရဲ ဗွီဒီယို ဇာတ်လမ်းများကို ကြည့်ရူရပါသည်။

သတိထားမိသလောက် လွန်ခဲ့သော တစ်နှစ် ပတ်ဝန်းကျင်မှစ၍ ထုတ်လုပ်ဖြန့်
ချီခဲ့သော သရဲ ဗွီဒီယို ဇာတ်လမ်းများသည် တကယ့် သရဲ ဇာတ်လမ်းများ
မဟုတ်ပဲ စိတ်ကူးယဉ်၊ စိတ္တဇ ဆန်ဆန် ရိုက်ကူးမှုများ သဘောသာ ကြည့်ရူ
ရပါသည်။ ဇာတ်လမ်းအဆုံးတွင် ထိုသရဲများသည် အစစ်များ မဟုတ်ဘဲ စိတ်
ထဲတွင် ဆွဲထင်ရာမှ ပေါ်ပေါက်လာသော သရဲ အတု များသည် ဖြစ်သည်။
ယခု မျက်မှောက် ကြည့်ရူခွင့်ရသည့် မြန်မာ့ သရဲ ဗွီဒီယို ဇာတ်လမ်းများတွင်
ထိုသို့ မဟုတ်တော့ပဲ သရဲ စစ်စစ်။ ရုပ်ရှင်ထဲမှ သရဲသည် စိတ်ကူးယဉ်၍သော်
လည်းကောင်း၊ စိတ်ထဲတွင် ဆွဲထင်၍သော် လည်းကောင်း ပေါ်ပေါက်လာသော
အတု များ မဟုတ်တော့ပါ။ တကယ့်ကိုပင် ပြင်ပ၌ ရှိနိုင်သော သဘောများကို
ရိုက်ကူးတင်ပြ လာကြသည်ကို တွေ့ရပါသည်။

ယခု ရက်ပိုင်းအတွင်း ကြည့်ရူဖြစ်သော ဗွီဒီယို ရုပ်ရှင် ဇာတ်လမ်း နှစ်ခုအကြောင်း
ပြောချင်ပါသည်။ ပထမ တစ်ကားက ဒါရိုက်တာ ကိုပေါက် ရိုက်ကူး၍ ထုတ်လုပ်
ဖြန့်ချီရေးက ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်ညီမ နွေးနွေးလှိုင်၏ “လှိုင်” မှဖြစ်သည်။
ဇာတ်လမ်း အမည်က …
ကြာဖြူ



ဒုတိယ ဇာတ်ကားက ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးသော
တစ္ဆေများနှင့်တွေ့ဆုံခြင်း



ဒါရိုက်တာ မောင်မျိုးမင်း၊ ကိုပေါက်နှင့် “လှိုင်” ထုတ်လုပ်ရေး ပိုင်ရှင်များသည် မြန်မာ
ပြည်၏ ထင်ရှားသော အနုပညာရှင်များအဖြစ် စာရင်းဝင်သူများ ဖြစ်ကြသည်။ သူတို့
ဘာကြောင့် သရဲဇာတ်လမ်းများ ရိုက်ကူးလာကြသနည်း။ ကြာဖြူ ဇာတ်လမ်းက
တစ္ဆေများနှင့်တွေ့ဆုံခြင်း ဇာတ်လမ်းလောက်တော့ သိပ်မပြင်းထန်ပါ။ ကိုယ်ဝန်ဖျက်
ချမှုကို ပညာပေးလို၍ ရိုက်ကူးသည်ဟု စကား ပလ္လင်ခံထားသည်။ ကိုယ်ဝန်ဖျက်ချ
မှုကို သရဲ ဇာတ်လမ်းဖြင့်သာ ပညာပေးလို့ ရပါသလား။ တခြားနည်းလမ်း မရှိတော့
ဘူးလား။ သရဲအဖြစ် သရုပ်ဆောင်သူက အသက်ငယ်ရွယ်သော ကလေး သရုပ်
ဆောင်။ ရုပ်ရှင်ကြည့်ကြသော ကလေးငယ် ပရိသတ်များ ဘာတွေ တွေးပြီး
ဘယ်လိုတွေ ခံစားသွားကြမည်နည်း။

တစ္ဆေများနှင့်တွေ့ဆုံခြင်း ဗွီဒီယိုဇာတ်လမ်းက သရဲဇာတ်လမ်း စစ်စစ်တစ်ခုပါ။
စိတ်ကူးယဉ်တာလည်း မဟုတ်၊ ဂရောင်ချောက်ချားမှုလည်း မဟုတ်၊ သရဲဖြစ်
နေသော ကလေးသရဲ သုံးယောက်ကို ဗဟိုပြုထားသည်။ ထို ကလေးသရဲ
များသည် ဇာတ်လမ်းထဲတွင် “အောင်ခိုင်နှင့် သန်းသန်းစိုး” တို့ လင်မယား၊
“ထွန်းထွန်းဝင်း”တို့ ဇနီးမောင်နှံ အစရှိသော သာမန်လူ (၄)ဦးကို သတ်နိုင်
သော အာဂ ကလေးသရဲ များဖြစ်ကြသည်။

လူတစ်ယောက် သေဆုံးလျှင် သရဲ ဖြစ်နိုင်သည် ဆိုလျှင် ထိုသရဲ သည်
ဘာသာရေး သွန်သင်ဆုံးမမှု (ဗုဒ္ဓဘာသာ) များအရ “မြေဖုတ်” အဆင့်
သာ ဖြစ်နိုင်သည်။ ထို မြေဖုတ်ခေါ် သရဲ သည် လူအား သတ်ဖို့ မပြောနှင့်
အနားတွင် နေထိုင်ဖို့ပင် အင်မတန် ခဲယဉ်းလှပါသည်။ လူသည် လောဘ၊
ဒေါသ၊ မောဟများ အနည်းနှင့်အများဆိုသလို ရှိသောကြောင့် လူ၏ အပူရှိန်ကို
ထို မြေဖုတ် ခေါ် သရဲသည် လုံးဝ မခံနိုင်ပါ။ ထားပါတော့ လူသေလျှင် အစွဲ
အလမ်းကြောင့် သရဲ ဖြစ်နိုင်သည်။ ထိုသရဲသည် မကျွတ်မလွတ်ပဲ သက်တမ်း
ရှည်ကြာလာပါက “သဘက်” အဆင့်သို့ ရောက်ကောင်း ရောက်မည်။ ထို
“သဘက်” သည်လည်း လူကို အသက်ဆုံးရှုံးအောင် အထိတော့ ဒုက္ခ မပေးနိုင်ပါ။

အသက်အရွယ်အရ ငယ်ရွယ်သော ကလေးငယ်များ သေဆုံးလျှင် အစွဲ
အလမ်းကြောင့် ဖြစ်သော သရဲကို ဘာသာရေး ဆိုင်ရာ စာအုပ်များတွင်
“မှင်စာ” ဟု ဖော်ပြထားသည်။ ထို “မှင်စာ” ဟု ခေါ်သော သတ္တ၀ါသည်
အိမ်မွေးတိရစ္ဆာန် “ကြောင်” လောက်သာ ရှိသော အရွယ်အစား ဖြစ်သည်။
သူတို့သည် လူကို တိုက်ခိုက်ဖို့ ဝေးစွ၊ အကြောင်းတိုက်ဆိုက်၍ ခြောက်လန့်
ဖို့ပင် တော်တော် မဖြစ်နိုင်သော ကိစ္စ ဖြစ်သည်။ နာနာဘာဝ ဆိုင်ရာ သုတေသီ
များ၏ မှတ်တမ်း အတော်များများတွင် ထို “မှင်စာ” ခေါ် ကလေးသရဲ များသည်
ဘာသာရေးဆိုင်ရာ အဆောက်အဦးများ၏ အ၀န်းအ၀ိုင်း၌သာ ရှိတတ်သည်ဟု
ဖော်ပြထားသည်။ သာမန်လူများအကြား၌ မှင်စာ မပြောနှင့် သရဲထက် ကြီးသော
“သဘက်”များပင် နေဖို့ များစွာ ခက်ခဲသည်။ လူသည် အတ္တကြောင့် ပရိဒေဝ
မီးများ လောင်းကျွမ်းနေသူများသာ ဖြစ်သည်။ ဘာသာရေး အဆောက်အဦးများ၊
တရားစခန်းများ၌ ရှိသော ဘာသာရေး အားထုတ်သူများသာလျှင် ထို ပရိဒေ၀မီး
သိပ်မရှိပေ။ ထိုကြောင့် မကျွတ်မလွတ်သော ထို မြေဖုတ် အနွယ်ဝင်များသည်
ငြိမ်းချမ်းအေးမြသော ထိုနေရာများတွင် သူတို့ ခံစားနေရသည့် ၀ဋ်ဆင်းရဲမှ
ကင်းလွတ်ရေးအတွက် မှီခို အားထား နေထိုင်ရသည်။ လမ်းများ၊ အဆောက်
အဦးဟောင်းများ၌လည်း ယင်းတို့ နေထိုင်နိုင်သည်။ သို့သော် လူကို ခြောက်
လန့် ယုံမှ တပါး အသက်ဆုံးရှုံးသည့် အဆင့်အထိ ဒုက္ခ မပေးနိုင်ပေ။

အနုပညာ ဖန်တီးမှုအရ ဖြစ်စေ၊ စီးပွားရေးအရ ဖြစ်စေ သရဲ ဇာတ်လမ်း ရိုက်ကူး
ဖြန့်ချီသူများအနေဖြင့် ….
အသက်အရွယ်အရ ငယ်ရွယ်သူများ မကြည့်ရ
နှလုံးရောဂါ ဝေဒန
ာသည်နှင့် မွေးဖွားခါနီး ကိုယ်ဝန်ဆောင်သည်များ မကြည့်ရ
အစရှိသော စာတန်းများကို ဗွီဒီယို ဇာတ်လမ်းခွေ၏ အစပိုင်းတွင် ထင်ထင်ရှားရှား
ဖော်ပြ ပေးသင့်ပါသည်။

ယနေ့ခေတ် မြန်မာပြည်မှ ကလေးငယ်များသည် အကြောက်တရားနှင့် ပက်သက်
၍ ခွဲခြားစိတ်ဖြာဖို့ အခက်အခဲ များစွာရှိနေသည်ကို အနုပညာရှင်များ အနေဖြင့် သတိ
ပြုသင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ယင်းတို့၏ မိဘများ၊ ကျောင်းတွင် ပညာ
သင်ပေးသော ဆရာ၊ ဆရာမများ ကိုယ်တိုင်ပင် အာဏာရှင် စနစ်ဆိုးအောက်
တွင် မွေးဖွားလာသော မျိုးဆက်များ ဖြစ်နေပါသည်။ ထို့ကြောင့် အကြောက်တရား
များကို လက်ဆင့်ကမ်း သယ်ဆောင်နေရသည့် ယနေ့ခေတ် မျိုးဆက်သစ် လူငယ်
များ၊ ကလေးငယ်များအတွက် အနုပညာရှင်များ အနေဖြင့် များစွာ သတိထား
လုပ်ဆောင်သင့်ပါသည်။

မြန်မာ့သရဲတစ္ဆေ ရိုက်ကူး ထုတ်လုပ်သူများ စည်းကမ်းရှိကြပါစေ

6 comments:

တောင်ပေါ်သား said...

ရုပ်ရှင်ဆိုတာ ပြောရခက်ပါတယ်။ ရိုက်တာပီပြင်အောင် လုပ်သင့်သလို ဖြစ်လာမဲ့ အကျိုးဆက်ကိုလဲ ထဲ့တွက်သင့်ပါတယ်။ ကောင်း၏ ဆိုး၏ အရာအားလုံးပေါ့ ဒီလိုမှမဟုတ်ပဲ ပိုက်ဆံရပြီးဆိုပြီး ရိုက်နေတဲ့ အနုပညာသမားဆိုသူများကို ရှုတ်ချသင့်ပါတယ်


လေးစားလျက်
တောင်ပေါ်သား

ရွှေရတုမှတ်တမ်း said...

ငွေ နောက်ကိုပဲ လိုက်တာလေ...
ပေါ်ပင်ငွေ ဖြစ် ...ဒါပဲလေ..

လင်းဦး(စိတ်ပညာ) said...

ဟုတ်ကဲ့... ကျွန်တော်လည်း အဲ့လို သရဲဇာတ်လမ်းလေးတွေ ရေးဖူးပါတယ်.. သို့သော် အဲ့လိုမျိုးကြီး သေတယ်လို့တော့ တစ်ခါမှ ရေးဖူးပါဘူး ... ။ သူတို့က အဲ့လိုရိုက်ပြနေကြတာလည်း မကောင်းဘူးဗျ....။

yangonthu said...

ကျမလည်းကြည့်ရပါတယ် အဲဒီ ကားတွေ
ဟုတ်တယ် ကြောက်ဖို.လည်းကောင်းတယ်
ရသလည်းမမြောက်ဖူးထင်ပါတယ်
ကျမ ညီမလေးဆိုအဲဒီကားကြည့်မိပြီးကထဲက
ဘယ်သွားသွား ဘာလုပ်လုပ်ကြောက်နေတယ်

အိုးဝေအောင်(အေဘီအီးပီ) said...

တိုက်ဆိုင်ပြန်ပြီ။ မောင်မျိုးမင်း သရဲကားကို ဘားမီစ် ကလပ်စစ် ဆိုဒ်ကနေ ကြည့်ပြီး ခင်ဗျားဘလော့ဂ်ကို အမှတ်မထင်ကြည့်လိုက်တာ ဒီပို့စ်ကိုတွေ့တာပဲဗျို့။
ကြာဖြူတော့ မကြည့်ရသေးဘူး။

ဖြူတုတ်လေး said...

ရောက်ပါတယ် ဘဘ။ ဖြူတုတ်လည်း အဲဒီလို ငွေနောက်လိုက်ပြီး ရိုက်နေတဲ့ သရဲကားများကို မနှစ်မြို့တာကြာပါပြီ။ ရုပ်ရှင်ကြည့်ရင် အပန်းဖြေခြင်းနှင့် ဗဟသုတအတွက် ဖြစ်သင့်အတွက် အဲဒီလိုကားတွေကြောင့် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်။ ဒီ Post လေးအတွက် ကျေးဇူးတင်ပါတယ်။