Oct 22, 2009

သခင်အုန်းမြင့် ကိုယ်ရေးအကျဉ်း

ရေးသူ- ထွန်းဝင်းငြိမ်း



မွေးသက္ကရာဇ်- ၁၉၁၈၊ ဧပြီလ ၂၈ ရက်။
မိဘအမည်- ဦးမိုးကောင်း၊ ဒေါ်အေးတင်။
ဇာတိ- လက်ပံတန်းမြို့နယ်၊ ပဲခူးတိုင်း။
ဇနီး- ဒေါ်မြမြ (ကွယ်လွန်)
လိပ်စာ- အမှတ်(၃)(ဘီ)၊ သုခ၀တီလမ်း၊ ကမ္ဘာအေး၊ ရန်ကင်းမြို့နယ်။

၁၉၃၃၊ နိုဝင်ဘာ…
တို့ဗမာအစည်းအရုံး ကြွေးကြော်သံ စာရွက်များ ဖြန့်ဝေခြင်းဖြင့် နိုင်ငံရေး
နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့။
၁၉၃၄၊ မတ်လ- ၁၀ တန်းအောင်။
၁၉၃၄၊ အောက်တိုဘာ- ရန်ကုန်သို့ ရောက်၊ ရေကျော် နှင်းပန်းလမ်းတွင်
ဂျာနယ်ကျော် ဦးချစ်မောင်နှင့် အတူနေ။
၁၉၃၆- “မမြန်မမာသော နှေးပျော့များ” ဆောင်းပါး၊ မြန်မာ့ အလင်းသတင်း
စာတွင် စတင်ပါရှိ၊ ဈေးနှုန်းသတင်းစာတွင် ဆယ့်နှစ်ရာသီပြုံး၊ မြင့်အုန်း အမည်
များဖြင့် အခန်းဆက် ၀တ္ထုရှည်၊ ဆောင်းပါးများ ရေးသားခဲ့။
၁၉၃၇၊ ဧပြီ- ပုသိမ်တွင် ကျင်းပသော တတိယအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ ကွန်ဖရင့် တက်ရောက်။
၁၉၃၈၊ ဇွန်- တိုးတက်ရေးသတင်းစာတွင် သတင်းအယ်ဒီတာအဖြစ် ၀င်ရောက်
လုပ်ကိုင်၊ သခင်အမည် စတင်ခံခဲ့၊ ဦးချစ်မောင်နှင်အတူ ထုတ်ဝေသူနာမည်ခံ၍
ဂျာနယ်ကျော် ထုတ်ဝေ၊ ဂျာနယ်ကျော်တွင် ဆောင်းပါးများ ရေးသားခဲ့။
၁၉၃၉၊ ဇန်န၀ါရီ- ဆီးမီးခွက် ကလောင်အမည်ဖြင့် ရေးသားသော ဆောင်းပါး
တစ်ပုဒ်ကြောင့် တိုးတက်ရေးသတင်းစာ အာမခံ အတောင်းခံရ၊ တို့ဗမာ
အစည်းအရုံးဌာနချုပ် အလုပ်အမှုဆောင်ရွေးချယ်ခံရ။
၁၉၄၀၊ မတ်- အိန္ဒိယပြည်လုံးဆိုင်ရာ အမျိုးသားကွန်ဂရက်ကြီး၏ ဖိတ်ကြား
ချက်အရ ရမ်းဂါး ကွန်ဖရင့်သို့ တို့ဗမာအစည်းအရုံး ကိုယ်စားလှယ်အဖြစ်
တက်ရောက်။
၁၉၄၂- ၁၉၄၅- ဖက်ဆစ်ဂျပန် ဆန့်ကျင် တော်လှန်ရေး လုပ်ငန်းများ
လုပ်ဆောင်ခဲ့။
၁၉၅၈- နိုင်ငံရေး ပုဒ်မ(၅) ဖြင့် အထိန်းသိမ်းခံရ၊ ကိုကိုးကျွန်း အပို့ခံရ။
၁၉၈၉- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။
၁၉၉၆- နိုင်ငံရေးပုဒ်မဖြင့် အထိန်းသိမ်းခံရ။

(သစ္စာသတင်းဂျာနယ်မှ “အချိုးအကွေ့များထဲမှာ သခင်အုန်းမြင့် တိုးတက်ရေး
သတင်းစာ ထုတ်ခဲ့စဉ်က” ဆောင်းပါးမှ ထုတ်နုတ်ကူးယူ ဖော်ပြပါသည်။)

2 comments:

Moe Cho Thinn said...

အဘ ဦးအုန်းမြင့် ကျန်းမာစွာ အလုပ်များ လုပ်နိုင်ပါစေလို့ ဆုတောင်းလျက်ပါ။ အကိုကြီး ကိုထွန်းဝင်းငြိမ်းကိုလဲ အမြဲ သတိရကြောင်း ပြောပေးပါရှင်။

ကိုအောင်(ပျူနိုင်ငံ) said...

ဟုတ်ကဲ့ မမိုးချိုသင်း၊ အဘကို ဂါရ၀ပြုကြောင်း၊ အဘ
နဲ့ အနီးဆုံးမှာ ရှိနိုင်သူများမှ တဆင့် အကြောင်းကြား
ထားပါတယ်။ အကိုကြီး ကိုထွန်းဝင်းငြိမ်းရဲ့ စာပေများ
ကို အားပေးလျက် ရှိကြောင်း၊ သတိရကြောင်းပါ
အကြောင်းကြား ထားပါတယ်။