Oct 7, 2009

စာဖတ်ဝိုင်းတွေ အားမပေးသင့်ဘူးလား



ပြည်တွင်းမှာ စာဖတ်ဝိုင်း စာဖတ်အသင်းတွေ ပျောက်ကွယ်သွားတာ
ဆယ်စုနှစ်ထက်မနည်း ရှိသွားပါပြီ။

စာဖတ်ဝိုင်း၊ စာဖတ်အသင်းတွေ ဘာကြောင့် နည်းပါးနေသလဲ။
စာဖတ်ဝိုင်း စာဖတ်အသင်းတွေက လူငယ်တွေကို ဘယ်လို အကျိုးပြု
နိုင်မယ်လို့ ထင်ပါသလဲ။

သောတရှင်တို့ရဲ့ အတွေ့အကြုံ၊ အတွေးအမြင်တွေကို အောက်တိုဘာလ
၈- ရက် ကြာသာပတေးနေ့ ခေတ်အမြင် ခေတ်အရေး အစီအစဉ်မှာ ပါဝင်
ဆွေးနွေးကြဖို့ ဖိတ်ခေါ်ပါတယ်။

ဒီအစီအစဉ်မှာ ပါဝင်လိုတဲ့ သောတရှင်များ အနေနဲ့ ဒီစာမျက်နှာ ရဲ့
တဖက်မှာ ပါတဲ့ ကွက်လပ်ထဲမှာ သောတရှင်များရဲ့ ဖုန်းနံပါတ် အပါအ၀င်
အချက်အလက်တွေကို ဖြည့်ပြီး ပေးပို့နိုင်ပါတယ်။

(BBC မြန်မာဌာန၏ သတင်းစာမျက်နှာမှ ထပ်ဆင့်ကူးယူ ဖော်ပြပါသည်။)

3 comments:

Younggun said...

စာဖတ်ဝိုင်းတွေက ကျနော်သိသလောက်ပြောရရင် မရှိသလောက်ကို နည်းသွားပါပြီ။ နယ်မှာတုန်းကတော့ ကိုယ့်မြို့လေးက ဝါသနာရှင်တွေ စာအုပ်လေးတွေ စုဝယ်တယ်။ အပြန်အလှန် ရှိတာတွေ ငှားဖတ်ကြတယ်။ စာကြည့်တိုက် သဘောမျိုး ထောင်ထားကြတယ်။ စုစည်း ညီညွှတ်ကြတယ်။ မြို့ကြီးကျတော့ ကိုယ့်လက်လှမ်းမီသလောက် အဲလို ဝိုင်းလေးတွေ မရှိတော့ဘူး။ ရသတွေ အတွေးအခေါ်တွေ မျိုးထက်၊ လောလောဆယ် စားဝတ်နေရေးအတွက် သူများထက် လစာဝင်ငွေကောင်းဖို့အတွက် ပေါ်ပင်ပညာတွေကိုပဲ အသည်းအသန် လိုက်နေကြရတာ တွေ့ရပါတယ်။ စာအုပ်ဆိုင်ကြီးတွေမှာ ဘာသာရေးစာအုပ်တွေကို လူငယ်တွေ အဝယ်လိုက်တယ် ကြားရတော့ ပီတိဝမ်းသာ ဖြစ်ရပေမယ့် ဆုံးမစာဆန်တဲ့ ဘာသာရေးစာအုပ်ဆို ခပ်ဝေးဝေးက ရှောင်လေ့ရှိတဲ့ ကျနော့်အတွက်တော့ အဆင်မပြေပါဘူး။ ကန့်လန့်တွေးတဲ့၊ ငရဲကြီးမှာ မကြောက်တဲ့ သတ္တိကောင်းသော အတွေးအခေါ်ရှင် လူငယ်များစွာ လိုအပ်နေဦးမယ် ထင်ပါတယ်။ အဲလိုပေါ်လာဖို့ကလည်း ထွင်းဖောက်သိမြင် ပြောဆိုရဲတဲ့လူငယ်တွေ မွေးဖွားဖို့ အခုလို ဆွေးနွေးလို့ကောင်းတဲ့ ဖေးမစုစည်းမှုရှိတဲ့ စာဖတ်ဝိုင်းလေးတွေ မှိုလိုပေါသင့်ပါတယ်။

ဂျူနို said...

စာဖတ်ဝိုင်းတွေ တော့မသိဘူး
ဝိုင်းတွေ အမျိုးမျိုးတော့ရှိတယ်ပြောတယ်။
ဘာဝိုင်းတွေလည်း မေးနဲ့ ။
ပြောပြဘူး။ :)

Myo Win Zaw said...

ကျွန်တော့်ဘ၀တလျှောက် စာဖတ်ဝိုင်းဆိုလို့ အခြင်းခြင်းလုပ်တဲ့ စာအုပ်တစ်အုပ် ကိုဝိုင်းဖတ် ၀ိုင်းဆွေးနွေးတာလောက်ဘဲ လုပ်ဘူးတယ် ခုခေတ် လူငယ်တွေဒါမျိုးလုပ်တာ မရှိသလောက်နည်းသွားပြီ ဒီအလေ့အကျင့်မရှိတာ တော်တော်ဝမ်းနည်းဖို့ ကောင်းတယ် လူငယ်တွေ စာဖတ်အား ကျလာတာနဲ့အမျှ လူငယ်တွေဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်ရေးသူတွေ နည်းလာတာနဲ့အမျှ တိုင်းပြည် အောက်ကျသွားမှာ အသေအချာဘဲ BBC မှာ ကိုအောင် ဆွေးနွေးတာ နားထောင်လိုက်ရပါတယ် သုံးသပ်သွားတာ အရမ်းကောင်းတယ်